ဗြိတိန်နိုင်ငံသူ အမျိုးသမီးကြီးတစ်ဦး အင်ဒိုနီးရှားမှာ ကွပ်မျက်ခံရန်အတွက် စောင့်ဆိုင်းနေရ


အင်ဒိုနီးရှားနိုင်ငံထောင်မှ ကွပ်မျက်ချိန်ကို စောင့်ဆိုင်းနေတဲ့ ဗြိတိန်နိုင်ငံ အဘွားအိုတစ်ဦးဟာ သူမရဲ့မိသားစုဆီသို့ နောက်ဆုံးနှုတ်ဆက်စာ တစ်စောင်ရေးသားနေပါတယ်။ သူမဟာ အချိန်တိုင်း ကွပ်မျက်ခံရနိုင်တယ်ဟုတနင်္ဂနွေနေ့ကစောင်းပါးတစ်ပုဒ်မှာဖော်ပြခဲ့ပါတယ်။
နိုင်ငံခြားသား မူးယစ်ဆေးဝါး အကျဉ်းသား ၇ ဦးကိုပြီးခဲ့တဲ့ အပတ်မှာ ကွပ်မျက်ပေးခဲ့မှုကြောင့် နိုင်ငံတကာမှ တုန့်ပြန်ဝေဖန်ပြောဆိုမှု ဂယက်ရိုက်ခတ်ပြီး နောက်အသက် ၅၈ နှစ်အရွယ်ရှိ Lindsay Sandiford မှမြန်မြန် ကွပ်မျက်ခံရဖို့သာ မျော်လင့်နေခဲ့ပါတယ်။ ကျွန်မ ကွပ်မျက် ခံရမယ့် အချိန်က မကြာတော့ပါဘူး။ ဘယ်အချိန်မဆို သေနိုင်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒီထောင်ခန်းကနေ ကျွန်မကို မနက်ဖြန် ခေါ်ရင် ခေါ်ဆောင်နိုင်ပါတယ်လို့ Sandiford မှ တနင်္ဂနွေနေ့က ဗြိတိန်သတင်းစာ the Mail မှာ ရေးသား ဖော်ပြခဲ့ပါတယ်။
ကျွန်မရဲ့မိ သားစုတွေထံ နောက်ဆုံးနှုတ်ဆက်စာ စတင်ရေးနေပါတယ်။ အင်္ဂ လန်နိုင်ငံ အရှေ့မြောက်ရှိ Redcar မြို့သူ Sandiford က အပစ်သတ်ခံရမယ့် အချိန်မှာ ရေပန်းစားနေတဲ့ "မှော်ဝင်ချိန်များ"တေးသီချင်းကိုသီဆိုရန် စီစဉ်နေပါတယ်လို့ ရေးသားခဲ့ပါတယ်။ ကျွန်မမျက်နှာဖုံး မ၀တ်ပါဘူး။ သတ္တိရှိလို့ မ၀တ်တာမျိုး မဟုတ်ပါဘူး။ ကျွန်မမပုန်းချင်လို့ပါ။ သူတို့ ကျွန်မမျက်နှာကိုကြည့်ပြီး ကျွန်မကို ပစ်သတ်စေချင်လို့ပါ။ သူမအဖမ်းခံရပြီးနောက် မွေးဖွားလာတဲ့အသက် ၂ နှစ်အရွယ်မြေးလေးကို ဘယ်တော့မှမတွေ မြင်နိုင်တဲ့ အတွက်ကြောင့် အရမ်းဝမ်း နည်းပါတယ်လို့ သူမကပြောခဲ့ပါတယ်။ Sandiford ဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ၂၀၁၃ ခုနှစ် ဘာလီကျွန်းမှာ သေဒါဏ်ချမှု ကိုခံခဲ့ရပါတယ်။ Sandiford ၂၀၁၂ခုနှစ်ထိုင်းမှ ဘာလီသို့ ရောက်တဲ့အခါ စတာလင်ပေါင် ၁.၆သန်း(အမေရိကန်ဒေါ်လာ ၂.၄ သန်း၊ ယူရိုငွေ ၂.၂သန်း)တန် ဖိုးရှိတဲ့ ကိုကင်း(မူးယစ်ဆေး)ကို သူမရဲ့လက်ဆွဲအိပ်ထဲကနေ  အကောက်ခွန်အရာရှိတွေက တွေ့ရှိခဲ့ရပါတယ်။ Sandiford မှမှောင်ခိုမှုဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။
ဒါပေမဲ့မူးယစ်ဆေးမှောင်ခိုဂိုဏ်းက သူမသားကိုသတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် သယ်ဆောင်ခဲ့ရတာလို့ ၀န်ခံပြောဆိုပါတယ်။ မူးယစ်ဆေးမှောင်ခိုကူးသန်းရောင်းဝယ်မှုနဲ့ ဗုဒ္ဓဟူးနေ့က ပစ်သတ်ခံခဲ့ရတဲ့သြစတြေးလျတိုက်သား ၂ ယောက်အနက် အသက် ၃၁ နှစ် အရွယ်ရှိ Andrew Chan ဟာ ကျွန်မဘ၀ရဲ့သူရဲကောင်းတစ်ဦးဖြစ်တယ်လို့ Sandiford ဖော်ပြခဲ့ပါတယ်။
"Bali Nine"မှောင်ခိုအဖွဲ့သား တစ်ယောက်အနေနဲ့ Chan အဖမ်းခံရပြီး ၁၀ နှစ်နေလာခဲ့တဲ့ ထောင်မှာသူ တို့ နှစ်ဦးရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ်။ Chan ကွပ်မျက်ခံရမှုနဲ့ သြစတြေးလျ တိုက်သား အသက် ၃၄ နှစ်အရွယ် Sukumaran တို့ သေဒဏ်ပေးခံခဲ့ရမှုတို့ကြောင့် အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့အကြား ဆက်ဆံရေး တင်းမာလာပါတယ်။ စိတ်ဝေဒနာသည် ဘရာဇီးနိုင်ငံသား ၁ ဦးနဲ့ အာဖရိကန် နိုင်ငံသား ၄ လုံးကိုလည်း ကွပ်မျက်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံသူ Mary Jane Veloso ကိုတော့ ပြစ်ဒါဏ်မှ သက်ညှာပေးခဲ့ပါတယ်။ 
ဗြိတိန်အစိုးရက တရားဝင် ခုခံပြောဆိုရန်ငြင်းပယ်လိုက်တဲ့အခါ အင်ဒိုနီးရှား ဗဟိုတရားရုံးမှာ ခုခံစာတင်ရန်အတွက် Sandiford မိသားစုတွေ ပိုက်ဆံစုနေပါတယ်။ စိန်ခေါ်မှု မအောင်မြင်ရင်လည်း Sandiford မှာ အင်ဒိုနီးရှား သမ္မတ Joko Widodo ထံမှ အသနားခံ တောင်းဆိုခွင့် ရှိပါသေးတယ်။ ဗုဒ္ဓဟူးနေ့မှာ ကွပ်မျက်ခဲ့တဲ့ ရာဇ၀တ်သားတွေရဲ့အသနားခံ တောင်းပန်မှုတွေကိုတော့ အစိုးရက ပယ်ချခဲ့ပါတယ်။
Ref:yahoo
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment