တိုက်ရော့ပြုတ်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၍ (၈)ဦးဒဏ်ရာရ |
စစ်ဆေးချက်အရ ပခုက္ကူမှ နေပြည်တော်သို့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂)ရပ်ကွက်နေ သက်နိုင်ဦး(၄၂)နှစ်မောင်းနှင်လာသော 2J/×××× STARAEX "ယောရွှေပြည်''ခရီးသည်တင် ယာဉ်မှာ တိုက်ရော့ပြုတ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ အနက် ယာဉ်မောင်း သက်နိုင်ဦးနှင့် တစ်ရပ်ကွက်တည်းနေ ဦးခင်အေးမောင်(၅၃)နှစ်ပါ(၇)ဦး တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကူညီ ပို့ဆောင်ပေးခဲ့ပြီး သက်နိုင်ဦးအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
0 comments:
Post a Comment