ဒါရိုက်တာ ဇေပါက ပြင်ဦး လွင်မှာ ဗီဒီယိုလေးကား ရိုက်ကူးဖို့ ရောက်ရှိနေပါတယ်။ အဲဒီလေး ကားလုံးကို ကန်ထရိုက် ယူရိုက်တဲ့ ဒါရိုက်တာဇေပါ က က ပြောပါတယ်။ “ကန်ထရိုက် ယူရိုက်ရင် သူများတွေ ဆိုခိုမှာပဲ။ ကျွန်တော် ဆို နယ်တက် တဲ့စရိတ်တွေ ဟိုတယ်ခတွေ ကုန်ပဲ။ ဆေးဆေး အကြီးကြီးထိုး ကားမှာ သီချင်းတွေ လည်း အများကြီး သုံးထားတယ်။ သရုပ် ဆောင်တွေ လည်း အများကြီး သုံးထားတယ်။ အနုပညာ အတွက် ကောင်း အောင် ပြင်ဆင်ပြီး လုပ်တာပါ”လို့ ပြောပြခဲ့ပါတယ်။ ပြင်ဦး လွင် မှာ ရိုက်မယ့်လေးကား မှာတော့ မင်းသမီးတွေ အနေနဲ့ အနု ပညာပျိုးခင်း ၁ မင်းသမီး အိချောပို၊ ပျိုးခင်း၂က ရတနာဗို နဲ့ရွှေသမီး တို့နဲ့ ဇာတ်ကား ရိုက်ကူးမှု တွေ လုပ်မယ် လို့ ဒါရိုက်တာ ဇေပါ က ပြောပါတယ်။ ဒါရိုက်တာဇေပါ ရိုက်ကူးထားတဲ့ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်ကားကြီး ကလည်း ၁ဝလပိုင်း၁ ရက်နေ့ ပြ ဖို့ ပြင် ထား ပေမယ့် ရှေ့ကားတွေ နောက် ဆုတ်တာကြောင့် ၁၁လ ပိုင်းဘက် ရောက်သွားဖို့ရှိကြောင်း ပြောတဲ့ ဒါရိုက်တာဇေပါ က “၁၁လပိုင်း မှာ နိုင်ငံ အတွက် အရေး ကြီးနေတဲ့ ရွေး ကောက်ပွဲ အချိန်မှာကျွန်တော့် ကားတင်မယ့် အချိန်ဖြစ်နေတယ်။ အဲဒီကားကြီး နိုင်ငံရေး သရော် ချင်လို့ ၊နိုင်ငံရေး စိတ်ကြီး ဝင်လို့ ပြသရခြင်း မဟုတ်ဘူး လို့ ကြိုပြော ထားချင်ပါတယ်။ ပြချင်တဲ့ ရည်ရွယ်ချက်က အသိတွေ ပေးချင် တာတွေကို ထည့်ရိုက်ထားတဲ့ ကားပါ” လို့ ပြောပါတယ်။ ပြင်ဦးလွင် ကအခုရိုက်ကွင်းတွေ အနေ နဲ့ ရိုက်ကွင်းနေရာ အခက်အခဲလေးတွေရှိ လာတယ်လို့ ဒါရိုက်တာဇေပါက ပြောကြားခဲ့ပြီး နောက်ထပ် ရုပ်ရှင် ကားကြီး နှစ်ကား ရိုက်ဖို့ကို လည်း ပြင်ဆင်နေ တယ် လို့ ပြောပြ ခဲ့ပါ တယ်။
နေကွန်းထင်
Source:popularmyanmar.com
0 comments:
Post a Comment