လူသားဟင်းလျားတွေရောင်းချတဲ့ စားသောက်ဆိုင် ရဲမှဝင်ရောက်စီးနင်း


စားသုံးသူတွေကို လူသားလျာတွေ ချက်ပြုကျွေးမွေးခဲ့လို့ Anambra ပြည်နယ်ရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ပိတ်သိမ်းခဲ့ပါတယ်။
စားသောက်ဆိုင်အတွင်း မသင်္ကာဖွယ် လှုပ်ရှားသွားလာမှုကို သတိထားမိတဲ့ ဒေသခံတွေဆီက သတင်းပေးချက်ကြောင့် အခုလို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ယင်းစားသောက်ဆိုင်ကို ရဲတွေက အငိုက်ဖမ်း ဝင်ရောက်စီးနင်းတဲ့အခါ ပလတ်စတစ် အိတ်တွေထဲ သွေးတစ်စက်စက်ကျနေတဲ့ လောလောလတ်လတ် လူဦးခေါင်းတွေ တွေ့ရှိခဲ့ပါတယ်။
ယင်းစားသောက်ဆိုင်သို့ လာစားတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးဟာ အဲဒီက အစားအစာတွေရဲ့ဈေးနှုန်းတွေကြောင့် အထိတ်တလန့်ဖြစ်ခဲ့တယ်လို့ BBC သတင်းအရ သိရပါတယ်။ 
သူ့ကို နှိုင်ရို ၇၀၀ ဘီလ်စာရွက်တစ်ခု လာပေးပါတယ်။
ဝန်ထမ်းက ကျွန်တော့်တုံ့ပြန်မှုကို သတိထားမိပြီး ဘီလ်အရမ်း တက်သွားတာ ခင်ဗျားစားခဲ့တဲ့ အသားတုံးသေးသေးလေးကြောင့်ဖြစ်တယ်လို့ ကျွန်တော့်ကို ရှင်းပြခဲ့တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
လူသား အကျွေးခံခဲ့ရမှန်း မသိခဲ့ပါဘူး။ နောက်ပြီး အရမ်းလည်း ဈေးကြီးတယ်လို့ သူကဆိုပါတယ်။
ယင်းစားသောက်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးတော့ လက်ပစ်ဗုံးတွေပါဝင်တဲ့ ထိတ်လန့်စရာ လက်နက်တိုက်တစ်ခုကိုလည်း ရဲတွေ တွေ့ရှိခဲ့ပါတယ်။
၁၀ ယောက်ကို ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဒီတုန်လှုပ်စရာကောင်းတဲ့ ဖော်ထုတ်မှုကို မအံ့သြပါဘူး။ ဈေးဝယ်ထွက်တိုင်း အဲ့ဒီနားကလူတွေဟာ စားသောက်ဆိုင်အတွင်း ပုံမှန်မဟုတ်တဲ့ လှုပ်ရှားသွားလာမှုတွေ အကဲခတ်မိကြပါတယ်။ အဝတ်အစား မသပ်မရပ် ဝတ်ထားတဲ့ လူတွေနဲ့ နောက်ပြီး စားသောက်ဆိုင်အတွင်း ပုံမှန်အတိုင်းမဟုတ်တဲ့ ဝင်ထွက်သွားလာမှုတွေကြောင့် အားလုံးသတိပြုမိခဲ့ကြတယ်လို့ ဒေခံတစ်ဦးက ပြောဆိုခဲ့ပါတယ်။
Ref:NaiJa
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment