
အေသင်အောင်
ဥရောပနိုင်ငံများတွင် နံနက်ပိုင်း အလုပ်ကို သွားသည့်အခါ ရထားကိုသာ အဓိက စီးနင်း ကြသည်။ ထိုသို့ စီးနင်းရာတွင် အလုပ် ကိစ္စများ ပြီးပြတ်ခြင်း မရှိပါက ရထားပေါ်တွင် လက်စသတ်ကြသည်။
သို့သော် လန်ဒန်မြို့ရှိ မြေအောက် မီးရထား စီးနင်းသူများထဲတွင် အမျိုးသား တစ်ဦးသည် သွားတိုက်သည့် အပြုအမူကို ထူးထူးခြားခြား ပြုလုပ်ခဲ့သဖြင့် ဒေးလီးမေးလ် သတင်းစာက အံ့အားသင့်စရာ အပြုအမူ ပြုလုပ်သူ အဖြစ် ရေးသားခဲ့သည်။ သာမန်အားဖြင့် မြေအောက် မီးရထား စီးနင်းသူသည် နေအိမ်မှာ ကတည်းက သွားတိုက်ခြင်းကို ပြုလုပ်ထားပြီး ဖြစ်ပါလိမ့်မည်။ ယင်းသို့ မီးရထားပေါ်တွင် သွားတိုက်သူကို အထူးအဆန်း အဖြစ် မြင်တွေ့ ခဲ့ရပြီး နောက် အခြား ခရီးသည် တစ်ဦးက ဗီဒီယို ရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ရှိခဲ့သည်။
အဆိုပါ အမျိုးသားသည် သွားကို အေးအေးဆေးဆေး တိုက်နေပြီး ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်သည့် ပုံစံမျိုးတွင်လည်း မရှိခဲ့ကြောင်း တွေ့ရှိရသည်။ သွားတိုက်နေစဉ် သတင်းစာ တစ်စောင်ကိုလည်း ဖတ်ရှု နေခဲ့သည်။ ယင်း၏ ခြေထောက်နားတွင် ကော်ဖီခွက်နှင့် ရေဘူး တို့ကို ထားရှိခဲ့သည်။ ကော်ဖီခွက်ပေါ်တွင် သွားတိုက်ဆေးကို တင်ရှိထားသည်။ အဆိုပါ အမျိုးသား၏ အနားတွင် ရှိနေသူ တစ်ဦးက ဗီဒီယို ရိုက်ကူးပြီး တင်ရှိရာတွင် မိမိ အနေဖြင့် အံ့အားသင့်ဖွယ် ကောင်းသည့် အပြုအမူကို တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း၊ သွားတိုက်ပြီး ထွက်ခွာ သွားစဉ် ကျန်ရှိသူများ အနေဖြင့် ရယ်မော ခဲ့ရကြောင်း ဟြေကြား ခဲ့သည်။ သို့သော် ယင်း အပြုအမူသည် စတန့်ထွင်ခြင်းလည်း ဖြစ်နိုင်ကြောင်း ထင်မြင် နေသူများလည်း ရှိနေသည်။
The Messenger
0 comments:
Post a Comment