ထိုင်းနိုင်ငံက ရိုက်ကူး ရေးအဖွဲ့များနဲ့ ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲ ရိုက်နေတဲ့ ဖူးစုံ


ဖူးစုံကMRTV- 4  က ရိုက်ကူး တဲ့ ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲကို ပြင်ဦးလွင်မှာ ရိုက်ကူးနေပြီး ဒါရိုက်တာက ထိုင်းနိုင်ငံက ဒါရိုက်တာနဲ့ ရိုက်ကူး တာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းဒါရိုက်တာနဲ့ ရိုက်ကူးတဲ့ အတွေ့အကြုံများနဲ့ပတ် သက်ပြီး ဖူးစုံက “MRTV- 4  က ဇာတ်လမ်းတွဲ ရိုက်တဲ့အဖွဲ့ တွေနဲ့ ရိုက်နေတာပါ။ ဒါရိုက်တာက ယိုးဒယား၊ မိတ်ကပ်ကအစ သူတို့အဖွဲ့ပဲလုပ်ပေးတယ်။ ပြီးခဲ့တဲ့ လကတည်းက ပြင်ဦးလွင်မှာ ရိုက်နေတာပါ။ အရင်တုန်းကလည်း ယိုးဒယားက ဒါရိုက်တာ အဖွဲ့နဲ့ ရိုက်ဖူးတယ်။ အခုက နောက်ဒါရိုက်တာတစ်ယောက်ပါ။ ဒီဇာတ်လမ်းတွဲမှာ ဖူးစုံက နှစ်ပိုင်း ပါတယ်။ ပထမပိုင်းက ဝင်္ကပါစံအိမ် မှာပါတဲ့ သရုပ်ဆောင်ကောင်လေး ရဲ့ မိန်းမ၊ သူက တအားဆိုးတယ်။ အသက်ကြီးသွားတဲ့အချိန်မှာ စိတ် ကယောင်ချောက်ချားဖြစ်သွားတယ်။ ပထမတစ်ပိုင်း ငယ်ဘဝမှာတော့ မင်းသားရဲ့မိန်းမ၊ အသက်ကြီးသွားတဲ့ အချိန်မှာ မင်းသားရဲ့အမေနေရာက သရုပ်ဆောင်ထား ပါတယ်။ ယိုးဒယားတွေကတော့ ထုံးစံအတိုင်း ရိုက်ကူး ရေးလုပ်တဲ့အခါ ဇာတ်ဝင်ခန်းတိုင်းကို လိုက်တင်တွေ ကအစ အချိန်ကြာ ကြာလေးယူတယ်။ ကိုယ်လည်း မသိတာတွေ မြင်ရ၊ သိရတယ်။ မိတ်ကပ်ဆိုလည်း ဘယ် လိုပြင်လဲ၊ အသက်ကြီးတဲ့ပုံစံတွေကို သူတို့ပြင်ပေးတာေ တွ လည်း သိရပါတယ်” လို့ပြောပါတယ်။
ဖူးစုံ က စီးပွားရေးအနေနဲ့ မိန်းကလေးအသုံးအဆောင် ပစ္စည်းဆိုင်ကို တောင်ဒဂုံမှာ ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီဆိုင်နဲ့ပတ် သက်ပြီး ဖူးစုံက..
“ကိုယ်က တခြားစီးပွားရေးနဲ့ အလှမ်းကွာတာ လုပ်လည်း မလုပ်ရဲဘူး၊ လုပ်လည်း မလုပ်တတ်ဘူး။ ဥပမာ- ဆောက်လုပ်ရေး လုပ်ကြည့်ဆို ဘာမှနားမလည်ဘူး။ ကိုယ်နဲ့ နည်းနည်းဆက်စပ်မှုရှိ တဲ့ မိန်းကလေးအသုံးအဆောင်ဖန်စီတွေ၊ မိန်းကလေးတွေနဲ့ ပတ်သက်တာ အကုန်ရနိုင် တဲ့ဆိုင်ဖွင့်မှာပါ။ အရင်ကတည်းက ဖွင့်ချင်တာ။ မအားလို့ မဖွင့်ဖြစ်ဖူးဆိုရင် ဘယ်တော့မှ ဖွင့် ဖြစ်မှာမဟုတ်တော့ဘူး။ အဲဒါကြောင့် မအားတဲ့ကြား ထဲက ဆိုင် ဖွင့်ဖို့အတွက်လည်း စီစဉ်နေပါတယ်” လို့ပြောပါတယ်။
ခိုင်ဝေလွင်
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment