ရေတာရှည် မေ ၂၄
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ မြောက်ဘက် (၁)မိုင်ကျော်ရှိ ညောင် ပင်ကိုင်း ရထားလမ်းကူးအနီးတွင် မေ၂၄ရက် နံနက် ၄နာရီခန့်က ရထားဖြတ်သန်းနေစဉ် ရပ်တန့်ထား သောယာဉ်များအား (၁၂)ဘီး ကုန် တင်ယာဉ်က အရှိန်လွန်၍ဝင်ရောက် တိုက်မိရာ ယာဉ်လေးစီးဆင့်ကဲတိုက် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရေတာရှည်မြောက်ဘက် ညောင်ပင်ကိုင်းရထားလမ်းကူးဂိတ် သည် ရထားဖြတ်သန်းနေသည့် အတွက် ဂိတ်အားပိတ်ထားစဉ် ကုန်တင် ယာဉ်များစီတန်းကာ ရပ်တန့်စောင့် ဆိုင်းနေချိန် ယာဉ်မောင်း အောင်မြင့် မြတ်(၃၈)နှစ် အေးသာယာရပ် တောင်ကြီးမြို့နေသူမောင်းနှင်သည့်4D/----- FUSO (၁၂)ဘီးယာဉ်က အရှိန်လွန်ကာ ရှေ့တွင်ရပ်တန့်ထား သော သန်းဦး(၃၈)နှစ် မြစ်သားမြို့ မောင်းနှင်ကာ ကျော်ဇင်မင်း(၃၅)နှစ် မြစ်သားမြို့နေသူ လိုက်ပါလာသော 8H/-------AUMARK (၆)ဘီးယာဉ် အား နောက်မှ ဝင်ရောက်တိုက်မိ ခဲ့သည်။
ဆက်၍ ရှေ့တွင်ရပ်ထားသည့် ယာဉ်မောင်း ချစ်ဦးမောင်(၂၆)နှစ် မိတ္ထီလာမြို့နေသူ မောင်းနှင်သည့် ၆င/-------ကန်တာ(၆)ဘီးယာဉ် အား လည်းကောင်း၊ မင်းမင်း (၂၉)နှစ် မိတ္ထီလာမြို့နေသူ မောင်းနှင် သည့် 8L/-- ကန်တာ(၆)ဘီးယာဉ် အား လည်းကောင်း ဆင့်ကဲတိုက်မိ ခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း သန်းဦးနှင့် ယာဉ်ပေါ်တွင် လိုက်ပါ လာသော ကျော်ဇင်မင်းတို့တွင် (မစိုး ရိမ်ရ)ဒဏ်ရာများရရှိခဲ့သဖြင့် ရေတာ ရှည်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment