လက်ရှိအချိန်မှာ မြန်မာ ယူ ၁၉ အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာအမျိုးသမီး လက်ရွေးစင်ဟောင်းဖြစ်သူ ဇင်မာဝမ်းကို သူလက်ရှိကိုင် တွယ်နေတဲ့ မြန်မာယူ၁၉ အမျိုးသမီးအသင်းရဲ့ လက်ရှိ အနေအထားနဲ့ပတ်သက်လို့မေးမြန်း ဖြစ်ခဲ့ပါတယ်။
” ယူ ၁၉ အသင်းအနေနဲ့က တော့လောလောဆယ်မှာ ပြိုင်ပွဲမရှိသေးဘူးပေါ့နော်။ လာမယ့် နှစ်ကျမှ ပြိုင်ပွဲရှိမယ်။ မိန်းကလေးအသင်းနဲ့ပတ်သက်ရင်တော့ ယူ ၁၄အသင်းပွဲ ရှိပါတယ်။ ဗီယက်နမ်မှာ ကျင်းပမယ့်ပွဲပေါ့။ ပွဲတော်ပုံစံမျိုးပါ။ ၆ လပိုင်းလောက်မှာပါ” လို့ ဇင်မာဝမ်းဆီကသိရှိရပါတယ်။ မြန်မာယူ ၁၉ အမျိုးသမီးဘော လုံးအသင်းရဲ့ ပုံ မှန်ခြေစွမ်း ကတော့လေ့ကျင့်မှုတွေ အများ ကြီးလိုအပ်နေသေးကြောင်း ပြောတဲ့ဇင်မာဝမ်းကို သူ ကိုင်တွယ်နေတဲ့ ယူ ၁၉ အမျိုး သမီးအသင်းရဲ့ အနာဂတ်အလားအလာ နဲ့ လာမယ့်ပြိုင်ပွဲတွေအကြောင်းကို ဆက်လက် မေးမြန်းဖြစ်တဲ့အခါ..
” အခုလောလောဆယ် ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး ကစားသမား၂၆ ဦးနဲ့ စတင် လေ့ကျင့်နေပါပြီ။ လက်ရှိအနေအထားမှာတော့ ကစားသမားအများစုက ယူ ၁၆ ကနေတက်လာတဲ့ကစား သမားတွေပါ။ သူတို့ကို လာမယ့်နှစ် ယူ ၁၉ ပြိုင်ပွဲအတွက် ပြင်ဆင် တာဖြစ်တဲ့အတွက် မွေး သက္ကရာဇ်ကအစ ၉၈- ၉၉ ခုနှစ်ဖွားကို အဓိကထား ပြီး တော့ လေ့ကျင့်တာပေါ့နော်။ ခြေစွမ်းပိုင်းမှာ သူတို့က ပြိုင်ပွဲ နဲ့မစိမ်းပါဘူး။ ဒီ ကလေးတွေက ယူ ၁၄ ကနေ ယူ ၁၆၊ ယူ ၁၆ ကနေယူ၁၉ အဆင့်ဆင့်တက် လာတော့ သူ တို့ကို သေသေချာချာ trainပေးရမှာပေါ့။ နောင်တစ်ချိန် National အသင်းကြီးကို Supporting လုပ်ပေးနိုင်တဲ့အထိ သူတို့ကို သေသေချာချာ Train ပေးမယ်။ ယူ ၁၉ ပြိုင် ပွဲတွေလည်း ဝင်ပြိုင်မယ်။ လူကြီးအသင်း အတွက်လည်း မျိုးဆက်မပြတ်အောင်၊ Supporting ဖြစ်အောင် Train ပေးရပါမယ်” လို့ ဇင်မာဝမ်းကပြောပါတယ်။ ဇွန် လ မှာကျင်းပမယ့် စင်ကာပူဆီးဂိမ်းမှာ ထည့်သွင်းကစားခြင်းမရှိတဲ့ အမျိုးသမီးဘောလုံး အားကစားနဲ့ပတ်သက်လို့လည်း ဇင်မာဝမ်းရဲ့အမြင်ကို အခုလို မေးမြန်းဖြစ် ခဲ့ပါ တယ်။
” သူတို့နိုင်ငံက ထင်ရတာတော့ရွှေရနိုင်မယ့် ကစားနည်းလောက်ပဲ ထည့်သွင်းကစားတယ်လို့ ထင်ရတယ်။ နောက်တစ်ခုက သူတို့ဆီမှာ အမျိုးသမီးဘောလုံးအသင်း ဆိုတာ မရှိသလောက်ကိုဖြစ် နေတာလေ။ သူတို့တွေက ပညာရေးကိုဦးစားပေးတာများတာကိုး။ အဲဒီလိုမျိုးအနေအထားရှိတော့ ဒီကစားနည်းကို ဖြုတ်လိုက်တာဖြစ်မယ် ထင်တယ်။ ကျွန်တော့်အမြင် ပြောရရင်ဘောလုံးဆိုတာ အားကစားနည်းအားလုံးထဲမှာမှ အနှစ်ပဲလေ။ မိန်းကလေး ဘောလုံးအသင်းဆိုရင်လည်း ဗီယက်နမ်တို့၊ ထိုင်း တို့၊ မြန်မာတို့လို ထိပ်သီး နိုင်ငံတွေရှိတယ်။ သူတို့ဆုမရနိုင်တဲ့ အနေအထားတစ်ခုနဲ့ ပြိုင်ပွဲကို လက်ခံမကျင်းပတာမျိုးတော့ မဖြစ်သင့်ဘူးလေ။ ဆီးဂိမ်းဆိုတာမျိုးက ၂ နှစ်မှ တစ်ကြိမ် ဝင်ပြိုင်ရတာမျိုးလေ။ ကစား သမားတွေအနေနဲ့ အများကြီး နစ်နာတာပေါ့နော်။ ကမ္ဘာ့အဆင့်၊ အာရှအဆင့်၊ အာဆီယံ အဆင့်သတ်မှတ်တဲ့နေရာမှာလည်း ဆီးဂိမ်းပေါ်မှာမူတည်ပြီး အဆင့်ဆင့်သတ်မှတ်တာဆိုတော့ ကိုယ်တွေရောတခြားနိုင်ငံတွေအတွက်ပါ နစ်နာတာပေါ့” လို့ ဇင်မာဝမ်းဆီက သိရပါတယ်။ ဆက်လက်ပြီး ဇင်မာဝမ်းက နယူးဇီလန်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ ၂ဝ ဘောလုံးအသင်း နဲ့ပတ်သက်လို့လည်း ဘောလုံးလောကအတွက်သမိုင်းဝင် ဖြစ်တဲ့အတွက် သူတို့အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ဆုံးရောက်ရှိနေမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ အကောင်းဆုံးရလဒ်ကို ယူဆောင်လာနိုင်မှာ ဖြစ်ကြောင်းအားပေးစကား ဆိုခဲ့ပါတယ်။
မျိုးမောင်
Source:popularmyanmar.com
0 comments:
Post a Comment