David Beckham နဲ့ Stephan Hawking တို့ မိတ်ဆက်တွေ့ဆုံ


ဗြိတိန်နိုင်ငံ ရဲ့ အထင်ကရတွေဖြစ်တဲ့ David Beckham နဲ့ Stephan Hawking တို့ဟာ တနလာင်္နေ့ညက တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက် တွေ့ဆုံခဲ့ကြပါတယ်။
အသက် ၄၀ ပြည့်တဲ့အချိန် ပြီးခဲ့တဲ့လ ကမှ Instagram စတင်သုံးခဲ့တဲ့ David Beckham ဟာ သူ့ရဲ့ လူမှုမီဒီယာမှာ Stephan Hawking နဲ့တွေ့ဆုံခဲ့တဲ့ပုံကို မျှဝေခဲ့ပါတယ်။
အနက်ရောင် ကုတ္အက်ီၤ ၊ ရွပ္အက်ီၤ အဖြူတို့ကို သပ်ရပ် စတိုင်ကျစွာ ၀တ်ဆင်ထားတဲ့ David Beckham ဟာ ပရော်ဖက်ဆာရဲ့ ဆက်သွယ်ရေး ကိရိယာ မျက်နှာပြင်က ပရော်ဖက်ဆာ ပြောချင်နေတဲ့ စကားတွေကို ဖတ်ရှုနေပြီး ဇနီးသည် Victoria Beckham ကတော့ David Beckham ရဲ့ အနောက်ကနေ Stephan Hawking ပြောလိုတဲ့ မက်ဆေ့ဂ်ျကို ဖတ်ရှုနေခဲ့ပါတယ်။
“ငါအမြဲတမ်း ဗြိတိန်နိုင်ငံရဲ့ ပြယုဂ်တစ်ခုအဖြစ် မင်းကို နှိုင်းယှဉ်နေတယ်။ တစ်ခါတစ်လေမှာ မင်းဟာငါ့ထက် ပိုတော်တယ်။ တစ်ခါတစ်လေမှာ ငါပိုတော်တယ်” လို့ Stephan Hawking ရဲ့ စကားပြောကိရိယာ မျက်နှာပြင်မှာပေါ်နေတဲ့ စာသားတွေကိုကြည့်ပြီး David Beckham ကို ပရော်ဖက်ဆာကြီး ပြောချင်တဲ့ မက်ဆေ့ခ်ျကို သိရပါတယ်။
သူတို့ ၂ ယောက်ဟာ Google က ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး David Beckham နဲ့ Victoria Beckham တို့ ၂ယောက်လုံးက Instagramမှာ ပရော်ဖက်ဆာကြီးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူမိတယ်လို့ ရေးသားခဲ့ကြပါတယ်။
Victoria Beckham နဲ့ သားဖြစ်သူ Brooklyn Beckham တို့ ၂ ယောက်လုံးဟာ Instagram သုံးနေတာကြာပြီဖြစ်သလို သန်းနဲ့ ချီတဲ့ Follower တွေလည်းရှိနှင့်နေပြီး ဖြစ်ပါတယ်။
Ref:mirror.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment