လူမင်း ပြောတဲ့ ပျိုးခင်း (၁) နဲ့ ပျိုးခင်း (၂) ကွာခြားချက်


လူမင်းက ဒါရိုက်တာ လွင်ဗို ရိုက်ကူးနေတဲ့ နှလုံးသား ပစ်မှတ် ဇာတ်ကားမှာ နေထူးနိုင်၊ မေသဉ္ဇာဦး၊ ပိုင်ဖြိုးသု၊ ဝင့်ယမုံလှိုင် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား မှာ တော့ လူမင်းက ဆိုရှယ်ကျတဲ့ ကြေးစား လူသတ်သမား ပုံစံသရုပ် ဆောင်ထားပါတယ်။ “အစ်ကိုက ဒီကားထဲမှာ လူသတ်သမား  နေရာက သရုပ်ဆောင်ရတယ်။ လူသတ်သမား ဆိုပေမယ့် ဝတ်တာ စားတာက ဆိုရှယ်ကျကျ၊ ဖန်စီကျကျ ဝတ်ရတဲ့ ကြေးစား လူသတ် သမားကြီးပေါ့။ ဒီကားထဲက ကာရိုက်တာ အရ အဝတ် အစားတွေ ကို ခေတ်မီအောင် ဝတ်ရသလို ဆံပင်ကာလာကို လည်း ပြောင်းပေးထား ရတယ်။ အစ်ကို့ရဲ့ အသက်အရွယ်နဲ့ ဆိုရင် အသက် ကြီးပြီးတော့ လူငယ်ဆန်ဆန် ဖန်စီ ကျကျ နေတဲ့ ပုံစံဖြစ်နေတာပေါ့။ ဒီဇာတ်ကားလေး က မိဘမေတ္တာဖွဲ့  ဇာတ်ကား ဖြစ်တယ်။ အစ်ကိုက ဖအေနေရာ ကနေ ကိုယ့်သားရဲ့အန္တရာယ် ကို လူမိုက်ကြီး နေ ရာနေ ပြီး ကာကွယ် ပေးရတဲ့ ပုံစံမျိုးပါ” လို့ လူမင်းကပြောပါ တယ်။  ဒီဇာတ်ကား မှာက အနုပညာ ပျိုးခင်း- ၂ က မင်းသမီး ပိုင်ဖြိုးသု လည်း ပါဝင်နေတာဖြစ်တော့ ကိုယ့်ရဲ့ တပည့်ရင်းတွေ ကို ဇာတ်ကား ရိုက်ရင်း ပညာတွေ သင်ပေးဖြစ်လားမေးတော့ လူမင်းက “ကိုယ်ကိုယ်တိုင် လည်း အနုပညာ နဲ့ ပတ်သက်ရင် ပြည့်ဝနေ တယ်လို့ မဟုတ် ပါဘူး။ အစ်ကိုတို့ ကိုယ်တိုင် လည်း လေ့လာ နေတုန်းပါပဲ။ အစ်ကိုတို့ သိသလောက်တော့ သူတို့ကို ပြောပြ၊ သင်ပြတာတွေ ရှိပါတယ်။ အခုဆို အနုပညာ ပျိုးခင်း- ၂ က ညီမ တွေ နဲ့ ဇာတ်ကားတွေ ရိုက်ဖူးပြီး ပါပြီ။
သူတို့ကလည်း အားလုံးကြိုး စားကြတာတွေ့ရတယ်။ ပျိုးခင်း- ၁က ညီမတွေ နဲ့တော့ နည်း နည်းကွာ ခြားတာ ရှိတာပေါ့။ ပျိုးခင်း- ၁ က ညီမတွေတုန်း က အချိန်အခါနဲ့ အခြေအနေတွေ၊ အရှိန် အဟုန်တွေ နဲ့က ကွာနေ တဲ့အတွက် နောက်တစ်သုတ် ကတော့ ပိုခက်ခဲတယ် ဆိုတဲ့ သဘော မျိုးရှိနေပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အခု ဗီဒီယိုဈေးကွက်လောက အခြေအနေက ယိုင်နေတဲ့ အတွက် သူတို့အဖို့ ပိုသက်ရောက်မှု တွေ အများကြီး ရှိနေပါတယ်။ အဓိက ကတော့ သူတို့မှ မဟုတ်ပါ ဘူး။ အနုပညာ အလုပ်ကို လုပ်ကိုင်နေကြတဲ့ ညီအစ်ကိုမောင်နှမ တွေအားလုံးကို အစ်ကိုဖြစ်စေချင်တာက ကိုယ်က အခကြေးငွေယူ ပြီး
ဒီအလုပ်ကို လုပ် ပြီဆိုရင်တော့ ပရော်ဖက်ရှင်နယ် ပီသရမယ်။ ပရော်ဖက်ရှင်နယ် ဆိုတာက ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ တာဝန်ကျေရမယ်။ အဲဒါက အရေးကြီး ဆုံးပါ ပဲ” လို့ ပြောပါ တယ်။
ဇင်မာနွယ်၊
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment