
Miss ပြိုင်ပွဲတွေ၊ မော်ဒယ်ပြိုင်ပွဲတွေဟာ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့သူတွေအတွက်ကတော့ ရေခံမြေခံကောင်းတစ်ခုပဲလို့ ဆိုရမှာပါ။ အဓိကအားဖြင့် Miss ပြိုင် ပွဲတွေဆိုရင်လည်း မျိုးဆက်သစ်ကလေးတွေအတွက် ကမ္ဘာအထိတက်လှမ်းနိုင်မယ့် အခွင့်အလမ်းကြီးတစ်ခုပါပဲ။ ဒါကြောင့်လည်း Miss ပြိုင်ပွဲတွေကနေ ကမ္ဘာအထိ တက်လှမ်းနိုင်ခဲ့တဲ့ အလှမယ်တို့ရဲ့ ရေခံမြေခံကောင်းခြင်းအကျိုးကျေးဇူးတွေကို မေးမြန်းဖော်ပြလိုက်ရပါတယ်။
ခင်ဝင့်ဝါ-
နောက်ပိုင်းမှာ Miss တွေ တော်တော်များများ ပေါ်ထွက်လာတာကောင်းပါတယ်။ တကယ်ဝါသနာပါတဲ့ မောင်ငယ်၊ ညီမငယ်တွေအတွက် အခွင့်အရေးတစ်ခု၊ပန်း တိုင် တစ်ခု၊ရေခံမြေခံကောင်းတစ်ခု ဖြစ်ပြီးလိုချင်တဲ့နေရာတစ်နေရာရဖို့အတွက် ဒီပြိုင်ပွဲတွေက သူတို့အတွက်အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ဘက်ကအကုန်လုံး Perfect ဖြစ်နေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ နိုင်ငံရဲ့ ကိုယ်စားပြုဖြစ်တဲ့အတွက်အကောင်းဆုံးဖြစ်နေဖို့ကအရေးကြီးတယ်။ ဘယ်အရာမဆိုကိုယ်ရသမျှပညာနဲ့ အေ ကာင်းဆုံးလေ့လာသင် ယူပြီးတော့ သေချာ ပြိုင်ဖို့ပါ။ အဓိကကတော့စိတ်ပါပဲ။ ဥပမာညီမတို့မော်ဒယ်ဘက်ကနေပြီးတော့ Miss ဘက်ကိုကူးတယ်။ Miss ကနေပြီးတော့ သရုပ်ဆောင်ဘက်ကိုကူးတယ်။ အဲဒါကြောင့် တစ်နေရာ၊တစ်နေရာမှာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေကရှိတယ်။ Miss ဘက်ကနေပြီး သရုပ်ဆောင်ဘက် ကိုရောက် လာတော့ Miss တုန်းက အားပေးခဲ့တဲ့ပရိသတ် ဆယ် ယောက်ရှိခဲ့ရင် အဲဒီဆယ်ယောက်လုံးက ကိုယ့်ကိုသိတယ်။ ဘယ်နေရာကမဆိုတစ်နေရာ တစ်နေရာကူးမယ်ဆိုရင် သူ့အခက်အခဲနဲ့သူတော့ရှိကြတာပဲလေ။ ဘယ်အရာမှတော့ လွယ်လွယ်ကူကူမရှိဘူးလို့တော့ ထင်ပါတယ်။
ခင်လပြည့်ဇော်-
Miss တွေ ပေါ်လာတာက တအားကောင်းပါတယ်။ ညီမကတော့ Miss တစ်ယောက်ဖြစ်တဲ့အတွက် Miss တစ်ယောက် ဖြစ်ဖို့ ဥပမာအနေနဲ့ပြောရရင် Miss ဖြစ် ချင်တယ်ဆိုရင် ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေ ပြည့်စုံပါစေ ကိုယ့်မှာ Miss တစ်ယောက်ရဲ့ အရပ်မရှိဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာဘာသာ စကားဘက်မှာ တ အား ကျွမ်းကျင်နေတယ်၊ရုပ်ကလေးကလည်းချောတယ်၊ ဒါပေမဲ့ကိုယ့်အရပ်က Miss တစ်ယောက် ရဲ့စံချိန်စံနှုန်းနဲ့လည်း မကိုက်ညီတာ ကြောင့် ကိုယ်ဝင်ပြိုင်လိုက်ရင် ကိုယ် ပင်ပန်းတာပဲအဖတ်တင်မယ်။ ကိုယ့်မှာ ဘာသာစကားလည်း ကောင်းနေမယ်။ရုပ်လေးလှနေတယ်ဆိုရင် တခြား နိုင်ငံခြားနဲ့ဆက်စပ်နေတဲ့အလုပ်လုပ် တာမျိုးတွေ ကို လုပ်လိုက်ရင်ပိုပြီး အကျိုးရှိသွားမယ်။ ကိုယ့်ရဲ့ ကောင်းပြီးသား ရေခံမြေခံပေါ်မှာ အကျိုးခံစားရတဲ့ သဘောလည်းဖြစ်သွားမယ်။ အဓိကက ဘယ်အလုပ်မဆိုကိုယ့်မှာရှိတဲ့ အရည် အချင်းရေခံမြေခံကောင်းရင် အောင် မြင်နိုင်တယ်။ အလုပ်အပေါ် အကျိုး ရှိနိုင်တယ်လို့ ညီမထင်တယ်။ ကိုယ်နဲ့ လိုက်ဖက်မှုရှိတဲ့ အလုပ်ကိုရွေးချယ် တတ်ဖို့ အရေးကြီးတယ်။ Miss တစ်ယောက်ဖြစ်သွားပြီဆိုရင် ဘာပဲပြောပြော အနုပညာ အလုပ်တွေကိုလည်း ဆက်လုပ်သွားဖို့က အခွင့်အရေးလမ်း စတွေ ပိုပြီးပွင့်လာပြီ။ ဘယ် အလုပ်မဆို ကိုယ့်ဘက်က အရည်အချင်း ပြည့်ဝနေဖို့ကသာ အရေးကြီးတာပါ။
မိုးစက်ဝိုင်
နိုင်ငံတကာမှာ Miss ပြိုင်ပွဲ တွေဆိုတာက လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုပြသတဲ့ နေရာပေါ့။ မိန်းကလေးတိုင်းက သူတို့ဘဝမှာ စင်ပေါ်မှာလမ်းလျှောက် အချိန်က Highlight of the day ပေါ့။ အဲဒီနေ့ကို ရရှိတဲ့နေ့က Crown ဆောင်းတဲ့နေ့ပေါ့။ တချို့ဆိုရင် Mini Miss ဆိုပြီး အခုပေါ်သလိုပေါ့။ နိုင်ငံခြားမှာဆိုရင် ငယ်ငယ်လေးကတည်းက ပြိုင်တဲ့ကလေး Missပြိုင်ပွဲလေးတွေရှိတယ်။ အဲဒီအတွက် ဘာထူးခြားလဲဆိုရင် ငယ်ငယ်လေးကတည်းက နေတတ်တယ်၊ ထိုင်တတ်တယ်။ စကားပြောတတ်တယ်။ အလှပြင်တတ်တယ်။ ကြီးလာတဲ့အခါမှာ ပြိုင်တာကျတော့ ပုံစံတစ်မျိုး ဖြစ်သွားပြီ။ education ပိုင်းဆိုင်ရာ လိုအပ်သွားပြီ။ အဲဒီအတွက် Miss ပြိုင်ပွဲတွေ မြန်မာနိုင်ငံမှာ ပေါ်လာတာနဲ့အမျှ မြန်မာအမျိုးသမီးတွေအတွက် target တစ်ခု တိုးသွားတယ်။ ခါတိုင်းဆိုရင် မော်ဒယ်ပဲဝင် လျှောက်လို့ ရတယ်။ အနုပညာလောကထဲ လုပ်ချင်ရင် ရုပ်ရှင်သိပ်မရိုက်ရသေးရင် မော်ဒယ်ပဲလုပ်လို့ရတယ်။ photo model ဖြစ်မယ်။ လမ်းလျှောက် တဲ့မော်ဒယ်ဖြစ်မယ်။ ဒါပေမဲ့အခု ကျတော့ ဦးတည်ချက်တစ်ခုထပ်တွေ့ပြီ။ ဒီ Miss လောကမှာ education လိုတယ်။ လမ်းလျှောက်ရုံတင်မရဘူး။ စကားပြောဖို့လည်းလိုတယ်။ အတွေး အခေါ်ပိုင်းဆိုင် ရာလည်းပါတယ်။ အဲဒီအတွက်သူတို့ဘဝမှာ နောက်ဆုံးပြိုင်လို့ Crown ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အပြောင်းလဲမှုကတော့ အကြီးအကျယ်ဖြစ်မှာ သေချာပါတယ်။ ပရိ သတ်အားပေးတဲ့ Miss ပြိုင်ပွဲတွေဆိုရင်ပရိသတ်ရဲ့ attention ရှိနေတယ်လေ။ ဒီလိုပြိုင်ပွဲလုပ်နေတဲ့အချက်လူတွေ က story ကို လူတိုင်းကစိတ်ဝင်စားတဲ့အတွက် Miss ပြိုင်ပွဲ ပြိုင်တဲ့အချိန်မှာ ကိုယ်လုပ်ရင်လုပ်သလောက် စိတ်ဝင်စားခံရမယ်။ crown ရသွားရင်ပြီးပြီပေါ့။ ကိုယ် crown မရခဲ့လည်း ကြိုးစားမှုကို အသိအ မှတ်ပြု တဲ့ ပရိသတ်တွေကိုတော့ရမှာပါ။
ပေါ်ပြူလာ
Source:popularmyanmar.com
0 comments:
Post a Comment