ပြည်ပနဲ့ ဖက်စပ်ရိုက်မယ့်ကားမှာ ရိုက်ဖြစ်ရင်တော့ ဘန်ကောက်က တန်းမ၀င်တဲ့ မင်းသမီးကို ခေါ်ရိုက်တာမျိုး မဟုတ်ပဲ ဟိုမှာ နာမည်ရနေတဲ့ ဇာတ်ပို့ကိုသာ ခေါ်ပြီး ရိုက်သွားမယ်ဆိုတဲ့ နေဒွေး


အချိန်ကာလ တစ်ခုကြာ အနုပညာလောကထဲမှာ စီးမျော ပျော်ဝင်ပြီးတဲ့အခါ တန်းဝင်တဲ့ မင်းသားတစ်လက်ရဲ့နေရာကို ရရှိ ပိုင်ဆိုင်နေသူ နေဒွေးက ရုပ်ရှင်ကားကြီးအနေနဲ့ ၂၀၁၅ ထဲမှာ ၇ ကားရိုက်ဖို့ရှိပြီး လက်ရှိမှာ သူကြိုးစား ဖန်တီးပုံဖော်နေတဲ့ အနုပညာ သမားတစ်ယောက်ရဲ့ရုန်းကန်မှု၊ သူ့အမြင်အယူအဆအချို့ကို ပြောပြလာတဲ့အခါ
-ရုပ်ရှင်ကားကြီး အနေနဲ့ ဒီနှစ်ထဲမှာ ဘယ်နှစ်ကားလက်ခံထားလဲ။ လက်ရှိမှာရော ဘယ်နှစ်ကားလောက် ရိုက်ပြီးသွားပြီလဲ။
 ရုပ်ရှင်ကားကြီးအနေနဲ့ ဒီနှစ်ထဲမှာ ၇ ကား လက်ခံထားတယ်။အခုလောလောဆယ် တစ်ကားရိုက်ထားပြီးပါပြီ။ ၆ကားရိုက်ဖို့ ကျန်သေးတယ်။
-အခုလို တန်းဝင်တဲ့ မင်းသားတစ်ယောက်ဖြစ်လာအောင်ရော ဘာတွေရင်းနှီးမြှုပ်နှံခဲ့ရလဲ။
ကြိုးစားခဲ့ရတာတွေကတော့ အများကြီးပဲ။ အဓိက ကအချိန်ပေါ့။ အချိန်ကို တော်တော်ကြာကြာပေးဆပ်ခဲ့ရတယ်။ ပြီးတော့ အောက်သက်ကြေအောင် ဘယ်အရာမဆို လေ့လာခဲ့ရတယ်။ အနုပညာ အလုပ်လုပ်မယ်ဆို လွယ်လွယ်နဲ့တော့ မရဘူး။ အဓိက က အောက်သက်ကြေရမယ်။ အစအဆုံး သိရမယ်။ ကိုယ့်ကို ကင်မရာက ဘယ်လိုယူထားတယ်။ မီးသမားက ဘယ်လိုထိုးနေလဲ။ အသံဖမ်းက ဘယ်လိုဖမ်းနေလဲ။ အဲ့ဒါကို အရင်နားလည်အောင်ကြိုးစားရတယ်။ အဲ့ဒါတွေ သိဖို့အတွက် အချိန် ၅ နှစ်လောက်ပေးခဲ့ရတယ်။ ပြီးတော့ တန်းဝင်ဖို့အတွက်က နောက်ထပ် အချိန် ၃ နှစ်လောက်ယူပြီး ကိုယ့်ကို ရိုက်ပေးတဲ့ ပရိုဂျူဆာလဲရှိမှ အရှင်းဆုံးပြောရရင်တော့ ကံ၊ စမ်း၊ ၀ီရိယ တွေပါ အားလုံးဆုံပြီးတော့မှ ဒီလိုနေရာတစ်ခုဖြစ်လာတာပါ။
-ဒီနှစ်ထဲမှာ နောက်ထပ်ရိုက်မယ့် ဇာတ်ကားကြီး အတွက်ရောဘာတွေပြင်ဆင်ထားလဲ။
ဒီနှစ်ထဲမှာ ပထမဆုံးခေါင်းဆောင် အနေနဲ့ ရိုက်မယ့် ကားကြီးကတော့ ကျွန်တော့်တိုက် ခရေဖြူက ရိုက်မဲ့ကားပေါ့။ ၆ လပိုင်း ၁၅ ရက်နေ့ရိုက်မှာပါ။ ဆည်ပေါက်မှာ ရိုက်မဲ့ကားပါ။ ကားနာမည်က သားဘီလူးတဲ့။ ဒါရိုက်တာက ကိုဇော် ( အရုဏ်ဦး ) အကြည်တော်ရဲ့ဝတ္ထုပေါ့။ ဦးဗေရိုက်ခဲ့တဲ့ ဘီလူးရဲ့ အဆက်ပေါ့။ သူ့ရဲ့မွေးလာတဲ့ သားက သားဘီလူးပေါ့။ အဲ့ဒီကားလေးကတော့ ခေါင်းဆောင်ကားလေး၊ ကျန်တဲ့ကားတွေကတော့ ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း မင်းသား အများကြီးနဲ့ပေါ့။
-အစ်ကို့ရဲ့ နှလုံးသားရေးရာနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။
အခုလောလောဆယ်က အနုပညာဖက်ကို လှည့်ထားတော့ အဲ့ဒီဖက်ကို အချိန်မပေးနိုင်ပါဘူး။ အခုဒီကားကို ၁၃ ရက်နေ့ထိပေးထားတယ်။ ၁၄ ရက်ညနေ ပုပ္ပါးတက်မယ်။ ၁၅ ရက်နေ့မှာ သားဘီလူးစရိုက်ပြီး လကုန် ၃၀ထိ စာချုပ်ချုပ်ထားတယ်။ ပြီးတော့ ၁ ရက်နေ့မှာပဲ ဖီးနစ် ထုတ်လုပ်ရေးအတွက် ဗီဒီယိုကား နှစ်ကား ရိုက်ပေးမယ်။ ကြားထဲမှာ ကျွန်တော့်နားချိန်က တစ်ရက်တောင် မရှိတဲ့အတွက် အဲ့ဒီကိစ္စကို အချိန်မပေးနိုင်ပါဘူး။
-အနုပညာနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ဘာလုပ်ဖို့ရှိလဲ။
ခုလောလောဆယ် ကြံစည်နေတာက သင်္ဘော ပေါ်မှာ သရဲကားရိုက်မို့ပေါ့။ ခုကြံစည်နေတယ်။ ချက်ချင်းကြီးတော့ အကောင်အထည် မဖော်နိုင်သေးဘူး။ ရုပ်ရှင်ပဲဖြစ်ဖို့များပါတယ်။ ကျွန်တော်ခေါင်းဆောင်ပဲ။ ဒီက ဒါရိုက်တာတွေနဲ့နိုင်ငံခြားက ဒါရိုက်တာတွေနဲ့ နိုင်ငံခြားက မင်းသမီးပါမယ်။ အစုံပေါ့။ အဲ့ဒီလိုလုပ်ဖို့ရှိတယ်။ အဲ့ဒီအတွက် ကုန်ကျမယ့်ငွေကိုချိန်နေပါတယ်။ သေချာရင် စာနယ်ဇင်းရှင်းလင်းပွဲလုပ်ပြီး အသိပေးပါ့မယ်။
-ပြည်ပကအနုပညာရှင်တွေနဲ့လက်တွဲပြီးလုပ်ကိုင်တဲ့အခါမှာရော မြန်မာအနုပညာရှင်တွေအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေရရှိဦးမလဲ။
အဲ့ဒါကလဲ ဟိုဖက်က ငှားတဲ့သူပေါ်မူတည်တဲ့ဗျ။ အခုလောလောဆယ်ရိုက်နေတဲ့ မင်းသမီးတွေက ကျွန်တော်သိရသလောက် ဘန်ကောက်မှာလဲ တန်းမ၀င်တဲ့ မင်းသမီးလို့သိရတယ်။ သူတို့က ဟိုမှာ မော်ဒယ်လ်တစ်ယောက် အနေနဲ့ပဲ ရှိသေးတယ်။ ဒီအဆင့်ဆို ကျွန်တော်တို့ ဒီမှာဆို မထင်မရှား မင်းသမီးပေါ့။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့အခုရိုက်မဲ့ကားဆို နိုင်ငံခြားမင်း သမီးဇာတ်ပို့ထဲက နာမည်ရှိတာကို ခေါ်မယ်။ ဈေးအနေအထားလဲရှိတယ်။ သူတို့ဆီမှာက နာရီနဲ့ယူတာကိုး။ မအောင်မြင်တဲ့ သူတောင်တစ်နာရီ ၊ နှစ်နာရီဆို ဒေါ်လာ ၄ ရာ၊ ၅ ရာလောက်ပေးနေရတယ်။ အောင်မြင်တဲ့သူဆို အများကြီးပေးရမှာ။ အဲ့ဒါကြောင့် ဇာတ်ပို့ထဲက နာမည်ရှိတာကို ကမ်းလှမ်းမယ်။ မင်းသမီးကြီး၊ မင်းသားကြီးပေါ့။ ဒီမှာဆို မဆင့်တို့၊ အန်တီမြင်မြင့်ခိုင်တို့ကို တချိန်က အောင်မြင်ခဲ့တဲ့ မင်းသမီးကြီးပုံစံမျိုးပေါ့။
-ပရိသတ်ကြီးကိုပြောပြချင်တာက။
ကျွန်တော် ဒီနှစ်ထဲမှာ ကားကြီးတွေလဲ အများကြီးရိုက်ဖို့ရှိတယ်။ အဲ့ဒါကြောင့် အားပေးကြပါ။ ဝေဖန်ပေးကြပါဦးလို့အစွမ်းကုန်ကြိုးစားသွားပါမယ်လို့ပြောပြပေးခဲ့ပါတယ်။
 Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment