အသက်ကြီးလာရင် တောင်ပေါ်ဒေသလေးမှာ အပင်တွေ စိုက်ပြီး အေးအေးချမ်းချမ်းနေချင်သူ ဝတ်မှုံရွှေရည်


ဇွန်လ ၅ ရက်နေ့ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့လေးကို အမှတ်တရအဖြစ် သစ်ပင်ပန်းမန်တွေကို ချစ်တတ်၊ မြတ်နိုးတတ်တဲ့ ဝတ်မှုံရွှေ ရည်နဲ့ ဓာတ်ပုံရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က သစ်ပင်တွေကို ချစ်မြတ်နိုးသူ ဖြစ်ပြီး သစ်ပင်လေးတွေ စိုက်ရတာကိုလည်း ဝါသနာပါတာကြောင့် ၇ တန်း၊ ၈ တန်း ကျောင်းသူ ဘဝကတည်းက စိုက်ဖြစ်ခဲ့ တယ်လို့ ပြောပါတယ်။”ငယ်ငယ်တုန်းက အပင်တွေ စိုက် ရတာ တကယ်ဝါသနာပါတယ်။ အပင်သေးသေးလေးတွေ၊ လိမ္မော် သီးသေးသေးလေးတွေဆိုရင် ကိုယ့်ရဲ့အခန်းဝရန်တာ မှာဖြစ်ဖြစ်စိုက်ထားတယ်။အပင်လေးတွေရေလောင်း တယ်။ ကိုယ်စိုက်တဲ့လိမ္မော်ပင်က အသီးသီးသေးေ သးလေးတွေ သီးရင်၊ အပွင့်ပွင့်ရင် တအားပျော်တယ်။ ငယ်ငယ်လေးတုန်းကတော့ စိတ်ကူးယဉ် တာပေါ့။ ကစ်တို့အိမ်နားမှာ အပင်တွေရောင်း တဲ့ပန်းခြံလေးရှိ တယ်။ အဲ ဒီခြံကနေ အပင်တွေ ဝယ်လာ၊ ရေတွေလောင်းနဲ့ ပျော်ဖို့ကောင်း တယ်။အဘွားကလည်း အပင်စိုက်တာ ဝါသနာ ပါတယ်။ခြံထဲမှာOrchid  တွေအများကြီး စိုက်ထား တယ်။ အပင်စိုက်ရတာ ပျော်ဖို့ကောင်းပါတယ်” လို့ ပြောပါတယ်။
အခုအချိန်မှာတော့ အနုပညာအလုပ်တွေရှုပ်နေတာကြောင့် အပင် မစိုက်ဖြစ်တော့ပေမယ့် အနာဂတ်စိတ်ကူးလေး နဲ့ပတ်သက်ပြီး ဝတ်မှုံရွှေရည်က”ကစ်က စိတ်ကူး လည်းယဉ်တတ်တယ်။ ကစ် စိတ်ကူးယဉ်ထားတာက အသက်ကြီးလာရင် တောင်ပေါ်ဒေသလေးက ခြံကျယ်ကြီးထဲမှာ အပင် လေးတွေစိုက်၊ အသီး ပင်တွေ စိုက်ပြီး အေး အေးချမ်းချမ်းလေးတအားနေချင်တယ်”လို့ သူ့ရဲ့စိတ်ကူးကိုပြောပြပါတယ်။ ဝတ်မှုံရွှေ ရည်ကလတ်တလောမှာဒါရိုက်တာ မောင် မျိုးမင်း (ရင် တွင်းဖြစ်) ရိုက်ကူးတဲ့ ‘အရွယ် သုံးပါးချစ်တတ်သည်’ ရုပ်ရှင်ဇာတ်ကား ကို ရန်အောင်၊ကျော်ရဲအောင်၊ ပြေတီဦး၊ မို့မို့ မြင့်အောင်၊ ခိုင်သင်းကြည်တို့နဲ့ သရုပ်ဆောင် နေပါတယ်။ ဒီ ရုပ်ရှင်ဇာတ်ကားထဲမှာ ခေတ်နဲ့ အညီနေတတ်တဲ့ ဒီဘက်ခေတ်ကောင်မလေးပုံစံ အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားက အရင်က ရိုက်ခဲ့တဲ့’ယော က္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ’ရဲ့ အဆက် အနေနဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်း ဖြစ်ပြီး အရင်ကရုပ်ရှင်ကိုလည်း တအားကြိုက်ခဲ့ကြောင်း ဝတ်မှုံ ရွှေရည် ကပြော ပါ တယ်။ “အဲဒီ ဇာတ်ကားကို နှစ်ခေါက် တောင် ကြည့်ဖူးတယ်။ အဲဒီကတည်း က ကြိုက်တယ်။ အဲဒီဇာတ် ကားရဲ့ ဖရိန်ပုံစံမျိုးပါပဲ။ ခေတ် နဲ့ညီအောင်တော့ ဇာတ်ေ တွ ပြောင်း ထားတာပေါ့”လို့ပြောပါတယ်။ ဝတ်မှုံရွှေ ရည်က ဘန်ကောက်မှာပြုလုပ်တဲံ့Huawei  ရဲ့ နိုင်ငံတကာBrand Ambassador  တွေတက်တဲ့ပွဲကို တက်ရောက် ဖို့နဲံ့Huawei  ကြော်ငြာရိုက်ဖို့အတွက် မေလ ၂၇ရက် နေ့မှာ ဘန်ကောက်ကို သွားရောက်ခဲ့ပြီး မေလ ၃ဝရက်နေ့က ပြန်လည်ရောက်ရှိခဲ့ ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ Collection  ပစ္စည်းအနေနဲ့ ဒီတစ်ခေါက်မှာတော့ ဆွဲကြိုး၊ရင်ထိုးနဲ့ နားကပ်လေးတွေ ကို ဇွန်လထဲမှာထွက်ရှိတော့မှာ ဖြစ်ကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment