နေ့ရက်တိုင်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့လို့ သတ်မှတ်ပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းစေလိုသအလှမယ် အိမွန်ခိုင်


Miss Earth Myanmar 2014 အလှမယ် အိမွန်ခိုင်က သူရရှိထားတဲ့ဆုအတိုင်း မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို အစဉ် မပြတ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို ပြည်သူများသိရှိအောင် ဝေမျှပေးသလို သူကိုယ်တိုင်လည်း ပတ် ဝန်း ကျင်ထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းများမှာ ကာယအား၊ ဥာဏအားများနဲ့ ဆောင်ရွက်နေသူဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ဖို့ အတွက် မိမိရဲ့အသိစိတ်ဓာတ်လေးနဲ့ မြန်မာနိုင်ငံကြီးလှပအောင် တစ်ဦးတစ်ယောက်ကနေ လူအများ စုအလိုက်ထိန်းသိမ်းသွားဖို့လိုအပ်ကြောင်းကို Miss Earth Myanmar 2014 အလှမယ် အိမွန်ခိုင်က”မြန်မာနိုင်ငံက သယံဇာတ အနေနဲ့ပြောမယ်ဆိုရင် ပထဝီမြေပုံအရရော၊ တခြား နိုင်ငံထက်စာရင် တကယ်သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံပါ။ အရင်ဆုံးဆုံးလိုအပ်တာက တော့ ဒီသယံဇာတတွေရှိတယ်ဆိုတာ ညီမတို့သိရမယ်။ အဲဒီတော့ ပြည်သူတိုင်း၊ ပြည်သူ တိုင်းမှာ ကိုယ့်နိုင်ငံက သယံဇာတကိုသိသင့် တယ်၊ မြတ်နိုးသင့်တယ်ဆိုတဲ့ Knowledgeလေးကို သိဖို့လိုပါတယ်။ သိပြီဆိုရင် ဒီဟာတွေကို ဘယ်လိုမျိုးထိန်းသိမ်းရမယ်၊ ဘယ်လိုကာကွယ် ရမယ်၊နော က်ပြီး နှစ်အဆက်ဆက်ကျန်ရှိနေအောင် ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာတစ်ယောက်ကနေတစ်ယောက်ကို သိတဲ့ပညာတွေကှို့Sharing လုပ်ပြီး မက်ဆေ့ခ်ျလေးတွေ ဖလှယ်ဖို့ လိုပါတယ်။ ပတ်ဝန်းကျင်ထိန်း သိမ်းတယ်ဆိုတာ တစ်ဦးတစ်ယောက်တည်း ထိန်းသိမ်းသွားလို့ မရ ပါဘူး။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ကောင်းအောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားပြီးတော့ ကိုယ့်ရဲ့အသိစိတ် ဓာတ်လေးတစ်ခုနဲ့ တွေ့တဲ့နေရာမှာ အမှိုက်မပစ်ဘူး၊ သစ်ပင်တွေ မခုတ်ဘူး။အဲဒီလိုအ သိစိတ် ဓာတ်လေးနဲ့ ထိန်းသိမ်းလိုက်မယ်။ ကိုယ့် အသိစိတ်ဓာတ်လေးကို တခြားတစ်ယောက်ဆီ Sharing လုပ်မယ်ဆို ရင် မိမိကိုယ်ကိုယ် ကောင်းအောင်လုပ်ပြီး မိမိ ပတ် ဝန်းကျင်ကိုပါ ကောင်း မွန်အောင်၊ လှပအောင်၊ ကျန်းမာအောင် လုပ်လိုက်တာပါပဲ။ ညီမ လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြော ပွဲတွေမှာ ပြော နေခဲ့ပါ တယ် ။ဟောပြောပွဲတိုင်းမှာ သဘာဝပတ် ဝန်းကျင် နဲ့ဆိုင်တဲ့ အကြောင်းအရာတိုင်းကို ကလေးသူငယ်တွေ ကအစ နားလည်နေပါ တယ်။ မြန်မာနိုင်ငံက သူတွေ က ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာKnowledge  ပိုင်းတွေမှာ မနိမ့်ကျပါဘူး။ သူတို့ဘာကိုအဓိက လုပ်ဆောင်မှုအားနည်းနေလဲဆိုတော့ စံပြလုပ် ဆောင် ပေးမယ့်သူ မရှိတော့ ဒီလမ်းကြောင်း ကို ဒီလိုစထွင်ပြီး ဖောက်ရမယ်ဆိုတာ အကုန် လုံးက တွန့်ဆုတ်နေကြတယ်။ တွန့်ဆုတ် နေကြတော့ တော်တော်များများက ရှေ့မှာ သာဓကကောင်းမွန် တာတစ်ခုရှိရင် အဲဒီသာဓက နောက်ကိုလိုက်ရဲကြတယ်။ကိုယ့်ဘာသာကိုယ် ဖောက် ဖို့ကျတော့အကုန်လုံးကသတ္တိတွေမရှိကြဘူး။ လူတိုင်း လူတိုင်းသတ္တိ စိတ်လေးေ မွးပြီးတော့ တစ်ဦးကောင်း တစ်ယောက်ကောင်းမဟုတ်ဘဲ အားလုံးအစုအဝေး လိုက် အဲဒီလမ်းသစ်ကြီးကို ဖောက်လိုက်မယ် ဆိုရင် နောင်လာနောက် သားတွေအ တွက် ကောင်းမွန်တဲ့ ကမ္ဘာတစ်ခု ဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်” လို့ ပြောပါတယ်။ ဇွန် ၅ ရက်မှမဟုတ်ဘဲ နေ့ရက်တိုင်းကို ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အနေနဲ့ သတ် မှတ်ပြီး နေ့ရက်တိုင်းမှာ သဘာဝတရားကြီးနဲ့ ကိုက်ညီအောင် နေထိုင်စေချင်ကြောင်း Miss Earth Myanmar  အလှမယ် အိမွန်ခိုင်က ပြောပါတယ်။
“သဘာဝတရားကြီးနဲ့ ကိုက်ညီအောင်နေ ထိုင်တယ်ဆိုတဲ့အရာကလည်း ခက်ခက်ခဲခဲ မဟုတ် ပါဘူး။ ညီမတို့ အခုနေထိုင်တဲ့ကမ္ဘာမြေမှာ အခု ပလတ်စတစ်အိတ်တွေ သုံးနေ တယ်ဆိုရင် ပလတ် စတစ်အိတ်တွေ အစားပြန်ပြီးကြေလွယ်၊ ပျက် စီး လွယ်တဲ့Recycle bag  တွေသုံးလိုက်မယ်၊ ကိုယ့် အိမ်မှာ သစ်ပင်လေးတွေစိုက်မယ်ဆို ရင် လည်း အဲဒီ အပင်လေးတွေကို စနစ်တကျနဲ့ တစ်နိုင်တစ်ပိုင်စိုက် လိုက်မယ်ဆိုလည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ထိန်း သိမ်းတဲ့သဘောပါပဲ။ကိုယ့်ပတ်ဝန်းကျင်ကို ထိန်း သိမ်း တယ်ဆို တဲ့နေရာမှာ တအားခဲရာခဲဆစ် ကြီးတွေ လုပ်စရာမလိုပါဘူး။ ညီမတို့ရဲ့ နေ့စဉ်လုပ်ငန်း ဆောင် တာထဲကမှ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို နည်းနည်း လေးပြင်လိုက်မယ်ဆိုရင်  ထိန်းသိမ်းပြီးသားရောက်ပါတယ်။ အဲဒီတော့ နေ့ရက်တိုင်းကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့လို့ သတ်မှတ်ပြီးတော့ ကိုယ့်ရဲ့နေ့ စဉ် လှုပ်ရှားမှု ထဲမှာပဲ ပတ် ဝန်းကျင်ကို ထိန်းသိမ်းကြပါ”လို့ ပြောပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment