လယ်ရေယူသည့်ကိစ္စနှင့် ပတ်သက်၍ ၀ိုင်းဝန်းရိုက်နှက်ရာမှ လူသတ်မှုဖြစ်


စလင်း ဇွန် ၂၇

မကွေးတိုင်း ဒေသကြီး မင်းဘူး ခရိုင် စလင်းမြို့နယ် အင်းတဲကျေးရွာ၌ ဇွန် ၂၅ ရက် ညနေက လယ်ရေယူ သည့်ကိစ္စနှင့်ပတ်သက်၍ ဝိုင်းဝန်း ရိုက်နှက်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စလင်းမြို့နယ် အင်းတဲ ကျေးရွာနေဒေါ်မုန်း(၃၉ နှစ်)သည် နေအိမ်၌ရှိနေစဉ် ၄င်း၏ခင်ပွန်း ကိုငြိမ်း(ခ)ခင်မောင်ငြိမ်း (၅၃ နှစ်)၏ တူတော်စပ်သူ သန်းဦး ရောက်ရှိလာ ပြီး ကျေးရွာတောင်ဘက် လေးမိုင်ခန့် အကွာရှိ လယ်မြေ၌ ကိုငြိမ်းနှင့် သန်းဦးတို့က လယ်ရေယူနေစဉ် တစ်ရွာတည်းနေ လယ်နီချင်း ဝင်း မောင်(၄၉ နှစ်)နှင့် တစ်ရွာတည်းနေ နိုင်လင်း(၃ဝ နှစ်)တို့က လက်ထဲ၌ အသင့်ပါလာသော လယ်ယာသုံး တူရွင်းငန်းပြားနှစ်ချောင်းတို့ဖြင့် ဝိုင်း ဝန်းရိုက်နှက်ခဲ့သဖြင့် ကိုငြိမ်းမောင် သည် ဒဏ်ရာများရရှိပြီး သေဆုံးသွား ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက် ၍ ပြစ်မှုကျူးလွန်သူများကို အရေး ယူပေးရန် ဒေါ်မုန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် စလင်းမြို့မရဲစခန်းက အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

သန်းနိုင်ဦး(ငဖဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment