ရင်ထဲမချိတဲ့ ဖတ်မိတာလေး



ဒီမနက် မနက်စာ ခေါက် ဆွဲ သွား စား ရင်းနဲ့ မထင်မှတ်တယ့် မြင်ကွင်းလေး တစ်ခု ကြောင့် ရင် ထဲ ဆို့ မိသွား ခဲ့တယ်.

ဆိုင်ထဲ သား အမိ၂ ယောက်ဝင်လာတယ်.. သူ့သမီးလေးက ဆိုင် ထဲ ၀င် လာတည်းက အမေ သမီး အများ ကြီးစား ချင်တယ်နော်လို့ ပြော ပြီး ၀င်လာ ခဲ့တယ်.. တကယ်စားတော့ ပွဲသေးတစ်ပွဲ ကို တစ်ယောက် မျက် နှာတစ်ယောက် ကြည့် ပြီး တိတ်တိတ် ဆိပ်ဆိပ်လေးစားနေကြတယ်..

ကလေးလေးက မေမေသမီး ၀က် ခေါက်စား ချင်တယ် ပြောတော့ သူ့ အမေက မစာ…း ပါ နဲ့ သမီးရယ် ၀က် ခေါက် တစ် ထုပ် တန်ဖိုးက ထမင်းဖြူတစ်ပွဲ ၀ယ် လို့ ရတယ်တယ့် .ကျွန်တော် ဘယ်လိုမှမျိုမကျ နိုင်တော့ဘူး.. ကိုယ့် စားမယ့် ၀က် ခေါက် ထုတ်လေး တွေဝက်သား ချဉ်လေး တွေ ကို ကလေးလေး ကိုသွား ပေး ပြီး ထ ထွက် ခဲ့မိတယ်..

ခု ထိ ရင် ထဲ ကျန်နေတယ်.. ငါဖြေရှင်းပေး လိုက်တယ့် ၀က် ခေါက်တစ် ထုပ် က သူ့ တစ်မ နက်စာ ကို ပဲ လုံ လောက်သွား စေ နိုင်တယ်.. သူ့တစ်ဘ၀လုံး ၀က် ခေါက်စား နိုင်ဖို့ ဆို သူပညာ တတ်မှ ပိုက်ဆံ ရှာ နိုင် မှ ကောင်းကောင်းစား နိုင်မယ် ဆိုတာပဲ
ကျွန်တော် တို့ပတ်ဝန်းကျင်မှာ မနက်စာ ၁ထောင် အတွက် ခက်ခဲ နေတယ့်သူ တွေ ရှိနေတယ် .. ကျွန်တော်တို့တွေကတော့ ဆိုင် ဆို အကောင်း ဆုံး ဆိုင်ပဲ ထိုင် ချင်တယ်.. စားရင် အရသာ အရှိဆုံး ပဲ စား နေကြပေမယ့် ထမင်း တစ်နပ် အတွက် ခက် ခဲ နေကြတယ့် ကလေးလေး တွေ မိသားစု တွေ မြန်မာနိုင် ငံ မှား အများ ကြီး ဗျ
Credit: Mg Htet Myat
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment