
စန္ဒီမြင့်လွင်က လတ်တလောမှာ သီချင်း ၆ ပုဒ်ခန့် ပါဝင်မယ့် Mini Album တစ်ခု ထွက်ဖို့ စီစဉ်နေပြီး MTV ပါ တစ်ခါတည်း ထွက်မှာ ဖြစ် ကြောင်း ပြောပါ တယ်။ ဆေးရောင် လှလှခြယ်ရအောင်၊ ရှော့ခ်၊ ကလီယိုပါထရာ စတဲ့ တစ်ကိုယ် တော်အခွေ ၃ ခွေကိုလည်း ထွက်ရှိခဲ့ပြီး နောက် Mini Album ကို စီစဉ် ဖြစ်ပုံ ကိုတော့ စန္ဒီမြင့်လွင်က.. “ဒီးဒီ Single ခွေတွေလည်း ထွက်ပြီး ခဲ့ပြီ ဆိုတော့ တကယ်တမ်း အခွေ တစ်ခွေမှာ ၄၊ ၅၊ ၆ ပုဒ် လောက်ပဲ ပရိသတ်က ကြိုက်နိုင်တာ ဆိုတော့ အကောင်း ဆုံး ကို ရွေးပြီး ထုတ်လိုက်တဲ့သဘောပါပဲ။ စင်ဂယ် ခွေတော့မဟုတ်ဘူး။ Mini Album လေးလုပ်ထားတာပါ။ ၂ ပုဒ်လောက် တော့ အွန်လိုင်းတင်မယ်။ ပြီးရင် MTV ရိုက် ပြီး MTV တစ်ခါတည်း ထွက်ပါမယ်” လို့ ပြောပါတယ်။ ဒီအခွေကို ၉ လပိုင်း သို့မဟုတ် ၁ဝ လပိုင်းမှာထွက်ရှိ အောင် ကြိုးစားမှာဖြစ်ပြီး ဒီအခွေ ပြီးရင်တော့ One Lady Show လုပ်ဖို့ လည်း စဉ်းစားနေကြောင်း ပြောပါတယ်။”ဒီးဒီကတော့ လူငယ်ပိုင်း Hip Hop ပုံစံမျိုးလေး လုပ်ဖို့ စဉ်းစားထားတယ်။ ကိုယ် နဲ့လိုက် ဖက်တဲ့ ပုံစံ မျိုးလေးပေါ့။ အခုထဲက စစဉ်းစားနေပြီ ဆိုတော့ နောက်နှစ် ထဲလည်း ဖြစ်သွားနိုင်သလို ဒီနှစ်ကုန်လည်း ဖြစ်နိုင်ပါတယ်” လို့ One Lady Show နဲ့ ပတ်သက် ပြီး ပြောပါ တယ်။
ခိုင်ဝေလွင်
Source:popularmyanmar.com
0 comments:
Post a Comment