လုံးခင်းနဲ့ ဖားကန့်မြို့နယ်တို့မှာ မိုးကြီးလို့ ရွာတွေ ရေလွှမ်း


ကချင်ပြည်နယ် ဖားကန့်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ကျေးရွာတစ်ရွာမှာ ရေကြီးနေတာကို ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ် Photo: RFA
ကချင်ပြည်နယ် ဖားကန့်မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ဥရုချောင်း ရေ ကြီးလာတဲ့အတွက် လုံးခင်းနဲ့ ဖားကန့်မြို့နယ်တွေမှာ ရေနစ်မြုပ်တဲ့ ကျေးရွာတွေ အများအပြား ရှိတယ်လို့ သိရပါတယ်။

ဖားကန့်မြို့ပေါ်လူနေရပ်ကွက်တွေထဲ ရေနစ်မြုပ်လာတဲ့အတွက် တစ်ချို့ရပ်ကွက်တွေမှာ ရေဘေးလွတ်ရာ အမြင့်ပိုင်းတွေကို ပြောင်းရွှေ့နေရကြောင်း ဖားကန့်မြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင့်စိုးက ပြောပါတယ်။

"ညကတစ်ညလုံး ရွာထားတဲ့အနေအထားမျိုးကြောင့် လုံးခင်းမှာလည်းရေက စပြီးတော့ကြီးနေပြီ၊ ဖားကန့်မြို့ ထဲမှာဖြတ်ထားတဲ့ကြိုးတံတားက ထိပ်နှစ်ဘက်စလုံးရေနစ်နေပြီ၊ ငှက်ပျောတောရပ်ကွက်လည်း ရေနစ်နေပြီ ၊ ကျောက်ဝိုင်းရပ်ကွက်ကလည်း ရေနစ်နေပြီ၊ ငှက်ပျောတောရပ်ကွက်ထဲမှာတော့ တချို့တွေ ဆိုရင်တော့ အောက်တစ်ခုလုံး ရေနစ်နေသလောက်ဖြစ်နေပြီးတော့မှ လူတွေကတော့ ရေလွတ်တဲ့နေရာတွေ မှာပဲ နေနေရတာတွေ့ရတယ်၊ ဒီပုံစံအတိုင်းဆိုလို့ရှိရင် ဆက်ပြီးတော့မိုးကလည်းရွာနေဦးမယ် မပြတ်ရွာနေဦး မယ်ဆိုရင် လုံးခင်းရော ဖားကန့်ရော ဆက်တိုက်ရေကြီးမယ့် အနေအထားမျိုးကို ကျနော်မြင်နေရတယ်"

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီက မြေစာတွေကို စွန့်ပစ်တဲ့အတွက် ဥရုချောင်းရေဟာ ကောင်းစွာမစီးဆင်းနိုင်တာကြောင့် မိုးရွာပြီဆို ရေကြီးလေ့ရှိတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ကချင်ပြည်နယ်မိုးလေဝသနဲ့ ဇလဗေဒဦးစီးဋ္ဌာနကတော့ အခုရက်ပိုင်းအတွင်း ပြည်နယ်အနှံ့ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/kachin-flooding-07052015011953.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment