ချစ်သူသက်တမ်း ၂ နှစ်ရှိပြီလို့ ပြောပြလာတဲ့ ချစ်စနိုးက ဖခင်ကျန်းမာရေးပြန်ကောင်းလာပြီမို့ အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်လို့ဆို


အဖေဖြစ်သူရဲ့ အူမကြီး ကင်ဆာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလှုပ်ရှားမှုအချို့ ရပ်တန့်ခဲ့ရတဲ့ ချစ်စနိုးဦးက လက်ရှိမှာ သူမရဲ့ အဖေ ပြန်လည်ကျန်းမာလာပြီမို့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေပြီလို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမက "အစ်မအဖေလဲ ကျန်းမာရေးကောင်းသွားပြီ။ သက်သာသွားပြီဆိုတော့ အလုပ်လေးကို လေးကို သေချာ ပြန်လုပ်လို့ရပြီ။ ပြီးခဲ့တဲ့ ရက်ကမှ စစ်ပြီးတာဆိုတော့ အစ်မပြန်လုပ်တာ သိပ်မကြာသေးဘူးပေါ့။ အစ်မ အမ်တီဗီက ကြားထဲမှာ တစ်ပုဒ်ရိုက်လိုက်တယ်။ ပြီးတော့ ဆက်ရိုက်ဖို့ကို အမျိုးသမီးရေးရာ ပွဲခံသွားတော့ ဆက်မရိုက်ဖြစ်ဘူး။ ဒီလကုန်တော့ပြန်ရိုက်မယ်။ အစ်မမှန်းထားတာကတော့ နှစ်ကုန် သို့မဟုတ် ၊ နှစ်စလောက်တော့ ထွက်နိုင်အောင်ကြိုးစားမယ်။ အရှေ့မှာ နယ်ရှိုးလေးတွေတော့ သွားဖြစ်တယ်။ ဒါပေမဲ့အရမ်းဝေးတဲ့နေရာတွေ၊ ၂ရက် ၊ ၃ ရက်တွေဆို မသွားဖြစ်ဘူး။ အဖေ့ကျန်းမာရေးလဲရှိတော့ အိမ်မှာက မိသားစုနည်းတယ်လေ။ အစ်မနဲ့အမေပဲ ရှိတော့ အမသွားရင် အမေလိုက်ခဲ့ရမယ်။ အဖေ့တစ်ယောက်ထဲကလဲ မဖြစ်ပြန်။ ခုကအဖေ့ကျန်းမာရေးကလက်လွတ်လို့ရပြီဆိုတော့ အစ်မအရင်ကလိုပြန်လုပ်လို့ရပါပြီ။ အခုက မိုးတွင်းဆိုတော့ နယ်ရှိုးတော့ပါးနေတယ်။"လို့ သူမက ပြောပြပါတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီး တွဲလာတာ ကြာပြီဖြစ်တဲ့ ချစ်သူနဲ့ လက်ထပ်တော့မှာလားလို့ မေးကြည့်လိုက်တာ့ သူမက "အစ်မရဲ့အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အဆင်ပြေပါတယ်။ ချစ်သူသက်တမ်းက နှစ်နှစ်ရှိပါပြီ။ ယူဖို့ကတော့ လိုပါသေးတယ်"တဲ့။
ကားရိုက်ကြဲသွားတဲ့အပိုင်းကိုတော့ "သရုပ်ဆောင်ဖက်ကတော့ အစ်မ ဇာတ်မကြိုက်တာတွေကြောင့်လဲ ပါတယ်။ ပြီးတော့ ကိုယ်တိုင်က သက်တမ်းလေးတစ်ခုလဲ ရလာပြီဆိုတော့ ကားရိုက်ရပြီးရော ဆိုပြီး မရိုက်ချင်တော့တာကြောင့်လဲ ပါတယ်။ သေချာလေး နေရာရပြီး လုပ်ကွက်လေးရမှပဲ ရိုက်ချင်တော့တယ်။ တစ်ခါတစ်လေ ကျတော့လဲ အစ်မသီချင်းဆိုတာနဲ့တိုက်လို့ မရိုက်ဖြစ်တာရှိတယ်။ ဇာတ်မကြိုက်လို့ မရိုက်ဖြစ်တာ ရှိတယ်။ လောလောဆယ်ကတော့ မရိုက်ဖြစ်သေးဘူး"လို့ သူမက ပြောပြသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment