မျက်နှာခွဲစိတ်ပြုပြင်တာမျိုး မလုပ်ပေမယ့် မျက်နှာသွယ်လျစေတဲ့ ကြွက်သားချေဆေး ထိုးထားတယ်လို့ ၀န်ခံလိုက်တဲ့ ဇေရဲထက်


သရုပ်ဆောင် ဇေရဲထက်ရဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ ဆိုတဲ့ သတင်းတွေ ဖေ့စ်ဘွခ် လူမှုကွန်ယက်ပေါ်မှာ အလွန့်အလွန် ရေပန်းစားနေတာမို့ ဇေရဲထက်နဲ့တွေ့ဆုံခိုက် အဲ့ဒီအကြောင်း မေးကြည့်တဲ့အခါ "ကျွန်တော် ဟိုတလောက ဖြေရှင်းထားပြီးပါပြီ။ မျက်နှာကို ခွဲစိတ်ပြုပြင်ထားတာ လုံးဝမဟုတ်ပါဘူး။ တော်တော်များများက ကျွန်တော့်ကို ခွဲစိတ်ထားတယ်လို့ထင်နေကြတယ်။ ဒါပေမဲ့ မျက်နှာကို V ရှိတ်ဆေးတော့ ထိုးထားပါတယ်။ အဲ့ဒါကလဲ ကျွန်တော်မှ မဟုတ်ပါဘူး။ လူတိုင်းထိုးနေကြတာပါ။ V ရှိတ်ဆေး ထိုးလိုက်လို့ မျက်နှာက V ဖြစ်သွားတာ မဟုတ်ဘူး။ ကျွန်တော့ရဲ့ သဘာဝ မျက်နှာကိုက မျက်နှာသွယ်တယ်။ ပြောရရင် မေးရိုး မရှိဘူး။ သွယ်သွယ်လေးပဲ။ ဒါပေမဲ့ ကျွန်တော်က အစား အရမ်းစားတဲ့အတွက် မျက်နှာမှာ အဆီတွေ ဖောင်းလာပြီး ကြွက်သားတွေ တက်လာတာပေါ့။ လေ့ကျင့်ခန်းများများလုပ်ရင် ကြွက်သားတွေ တက်လာသလိုပဲ။ မျက်နှာက ကြွက်သားတွေလဲ အစား အရမ်းစားတဲ့အတွက် တက်လာတယ်ပေါ့။ အဲ့ဒီ V ရှိတ်ဆေးဆိုတာ ကြွက်သား ချေတဲ့ဆေးပါ။ ကြွက်သားကို သတ်လိုက်တာပေါ့။ အဲ့ဒီမှာ ကျွန်တော့်ပါးလေးတွေက ကြွက်သား မရှိတော့တဲ့အတွက် သေးသွားသလို ခံစားရတယ်။ မျက်နှာကို ခွဲစိတ်ပြုပြင်ထားခြင်း မရှိပါဘူး။ ကျွန်တော့အနေနဲ့ ကားရိုက်တွေ ဆက်တိုက်ရိုက်နေရတာ ဖြစ်တဲ့အတွက် ဘယ်လိုမှ ခွဲစိတ်ပြုပြင်ဖို့အတွက် အချိန်အကြာကြီး မပေးနိုင်ပါဘူး။ နားရမှာနဲ့ဘာနဲ့ဆို ဘယ်လိုမှ အချိန်မပေးနိုင်ပါဘူး။ ကျွန်တော်လဲ ကားတွေဆက်တိုက်ရိုက်နေရတာအစ်မတို့အမြင်ပဲလေ။ ဒါပေမဲ့ မျက်နှာ ကို V ရှိတ်ဆေးတော့ ထိုးထားတယ်။ အဲ့ဒါကတော့ လူတိုင်းလဲ ထိုးနေကြတာပဲ"လို့ သူက ပြောပြသွားပါတယ်။
ခုလို ပြုလုပ်ခြင်းအတွက် ဆိုးကျိုးဘာတွေရှိနိုင်သလဲ မေးကြည့်လိုက်တဲ့အခါမှာတော့ သူက "ဆိုးကျိုးတော့ရှိတယ်။ ဘာလဲဆိုတော့  ထိုးပြီးရင် ပဲကြီးလှော်တောင် ၅ စေ့ပြည့်အောင် မ၀ါးနိုင်ဘူး။ ညောင်းတာပေါ့ ။ ကြွက်သား မရှိတဲ့အတွက်ပေါ့။ ဒီလိုထိုးရတယ် ဆိုတာကလဲ ကာရိုက်တာ ညီအောင်ပါ။ အရှေ့ကားတွေမှာ မိန်းမကာရိုက်တာ၊ အခြောက် ကာရိုက်တာတွေရိုက်တဲ့အခါမှာ ကျွန်တော့် မျက်နှာက ယောကျာ်း မျက်နှာ ဖြစ်နေတဲ့အတွက်ကြွက်သားချေဆေး ထိုးလိုက်တဲ့အခါမှာ မျက်နှာက မိန်းမဆန်သွားတယ်။ အဲ့ဒါကြောင့် ထိုးချလိုက်တယ်ပေါ့။ မျက်နှာသွယ်ရင် မိန်းမနဲ့တူတယ် ။ နှုတ်ခမ်းမွှေးတက်ရင် Gentlemen ပုံစံပေါက်တယ်။ အဲ့ဒါကြောင့် ဖောင်းတာနဲ့အဆင်မပြေလို့ ကြွက်သားချေဆေး ထိုးလိုက်တာပါ။ ပြင်တယ်ဆိုတာကလဲ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လို သရုပ်ဆောင်တွေအတွက်က အရမ်းအခက်အခဲရှိတယ်။ ပြင်ဖို့အတွက်က စဉ်းစားရမယ်လေ။ ဒီရုပ်ထက်ပိုပြီးဆိုးသွားရင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးတွေက ရှိတယ်။ ကျွန်တော်တို့အနေနဲ့က ခွဲစိတ်ဖို့ကို တော်တော်လေး စဉ်းစားရမှာပါ။ ထိုးတုန်းကတော့ မနာပါဘူး။ ထုံဆေးလေးနဲ့လုပ်ပေးတာဆိုတော့ ပုရွက်ဆိတ်ကောက်သလောက်ပါပဲ၊ ထိုးကာစတုန်းကတော့ နည်းနည်းလေးပဲ ရောင်ပါတယ်။ ကျွန်တော်တစ်ကြိမ်ပဲ ထိုးထားတာပါ။ ထိုးပြီးကတည်းက အစားမာတာ လုံးဝမစားတော့ဘူး။ ငါးလောက်ပဲ စားဖြစ်တော့တယ်။ လွန်ခဲ့တဲ့နှစ်က ထိုးထားတာပါ"တဲ့။
ဇေရဲထက်ဟာ လက်ရှိမှာ ဒါရိုက်တာညိုမင်းလွင် ၊ မင်းသမီးဖွေးဖွေးနဲ့အတူ ပထမထပ်ဟန်းနီးမွန်းဆိုတဲ့ ဟာသကားကြီးကို တွဲဖက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment