ရည်းစားလုသည့် ကိစ္စနှင့် လူသတ်မှုဖြစ်


ယခင်ရည်းစားလုသည့် ကိစ္စနှင့် စကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်
နေပြည်တော်၊ ဇူလိုင် ၁၄

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ မုန်းဒါးကျေးရွာအုပ်စု၊ ရေပုတ်တဲတိုက်နေ ဆယ်အိမ်မှူး ဦးမိုးဝင်း(၃၀)နှစ်သည် နေအိမ်တွင်ရှိ နေစဉ် ဒေါ်ထားထား ရောက်ရှိလာပြီး ၎င်း၏သားဖြစ်သူ အဆိုပါတဲတိုက်နေ ဇင်မျိုးဝေ(၂၁)နှစ်အား ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကျော်ဇင်ဦး(၂၁)နှစ်က တုတ်ဖြင့်ရိုက်ကြောင်း လာရောက်အကြောင်း ကြားသဖြင့် သွားရောက်ခဲ့ရာ ဇင်မျိုးဝေတွင် ဒဏ်ရာများရရှိသေဆုံးနေသည်ကို တွေ့ရှိရသည်။

 မေးမြန်းချက်အရ သဖန်းညိုကျေးရွာအနီး လယ်ထဲတွင် ကျော်ဇင်ဦးနှင့် ဇင်မျိုးဝေတို့ အရက်အတူ သောက်စဉ် ယခင်ရည်းစားလုသည့်ကိစ္စနှင့် ပတ်သက်၍ စကားများရန်ဖြစ်ရာ ကျော်ဇင်ဦး က ဇင်မျိုးဝေအား (၂)ပေခန့်ရှိ သစ်ကိုင်းတုတ်ဖြင့် ရိုက်သောကြောင့် ဇင်မျိုးဝေတွင် ဒဏ်ရာများ ရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရ၍ အရေးယူပေးရန် ဦးမိုးဝင်းမှ တိုင်တန်းရာ ကျော်ဇင်ဦးအား ကံမမြို့မရဲစခန်း(ပ)၅၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment