င၀န်မြစ်ရေ ပြန်မကျသောကြောင့် အမကကျောင်း ရက်အကန့်အသတ်မရှိပိတ်


ငါးသိုင်းချောင်း စက်တင်ဘာ ၁၇

ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေသည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းနှင့် မွန်းတည့် ၁၂ နာရီတိုင်းထွာချက်အရ စိုးရိမ်ရေ မှတ်အထက် ၂ ဒသမ ၅၅ ပေတွင် အတက်အကျမရှိ တန်းလျက်ရှိနေပြီး မြစ်ကမ်းဘေး မြေနိမ့်ပိုင်းရှိ ကွင်း လျားကျေးရွာအုပ်စု ရေကျော်အမက ကျောင်းကို စက်တင်ဘာ ၁၆ ရက်မှ စ၍ ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားရသည်။

အဆိုပါ ကျောင်းပတ်ဝန်းကျင်ရှိ ရေအနက်မှာ ၁ဝ ပေမှ ၁၂ ပေခန့် ရှိပြီး ကျောင်းသား ကျောင်းသူများ၏ သွားလာရေးအခက်အခဲရှိနေသဖြင့် ယာယီပိတ်ထားရကြောင်း၊ မြစ်ရေ ပြန်လည်ကျဆင်းသွားပါက ပြန်လည် ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း နှင့် ကျေးရွာအတွင်း မြစ်ရေအခြေ အနေကိုလည်း အမြဲမပြတ် သတိထား စောင့်ကြည့်လျက်ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဦးက ပြော ကြားခဲ့ကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment