အသက် ၂၂ နှစ် အရွယ် “Wrecking Ball” အဆိုတော်နဲ့ အသက် ၂၄ နှစ်ရှိ အလွန်စွဲမက်ဖွယ်ကောင်းသူ မော်ဒယ်လ် Stella တို့ဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း သူတို့စုံတွဲ ဓာတ်ပုံတွေကို လူမှုဒီမီယာ စာမျက်နှာပေါ် တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့စုံတွဲနှစ်ဦးဟာ မကြာမီ ထွက်ရှိလာတော့မယ့် သီချင်းဗီဒီယိုတစ်ခု ဟောလိဝုဒ်မှာ စီစဉ်ဖန်တီးရိုက်ကူးတဲ့အချိန် အင်္ဂါနေ့က နောက်ခြေတစ်လှမ်း တက်လှမ်းလာခဲ့ကြပါတယ်။
Stella က V magazine ကို ယခုလိုပြောပြခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ Miley ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း Cheyne Thomas ကနေတဆင့် တွေ့ဆုံ ဖြစ်ကြတာဖြစ်ပြီး မတ်လကတည်းက သူတို့နှစ်ဦး တွဲခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ Miley က သူမ အရင်ရည်းစား Patrick Schwarzenegger နဲ့ ဧပြီလမှာ လမ်းခွဲခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက Paper magazine နဲ့ အင်တာဗျူး တစ်ခုမှာ Miley က သူမ အသက် ၁၄ နှစ်အရွယ်ရောက်ရှိချိန်မှာ အမျိုးသမီးတွေကို စိတ်ဝင်စားမှု စတင်ဖြစ်ပေါ်ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
Ref: worldmusicawards
Source:trend.com.mm

0 comments:
Post a Comment