ဒဂုံတောင်မြို့နယ် (၂၃)ရပ်ကွက်ရှိ သံပစ္စည်း သိုလှောင်ထားသည့် သံဂိုဒေါင် အတွင်း လင်မယား စကားများ၍ ခင်ပွန်းက သံပိုက်ဖြင့် ရိုက်ရာ ဇနီးသည် သေဆုံးမှုတစ်ခု သြဂုတ်လ (၉) ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သေဆုံးသူမှာ အသက်(၂၆)နှစ် အရွယ် မ.....ဖြစ်ပြီး၊ ၎င်းသည် ခင်ပွန်းဖြစ် သူထံ လာရောက်ပြီးနောက် လင်မယားချင်း စကားများ ရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူက အရှည်တစ်ပေ၊ ဆယ်လက်မ၊ လုံးပတ် နှစ်လက်မခန့်ရှိ သံပိုက်ဖြင့် ဇနီးသည်၏ ဦးခေါင်းကို ရိုက်နှက်ရာမှ ဦးခေါင်းယာချိုးစောင်း ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိပြီး သေဆုံးနေကြောင်း သိရသည်။
သေဆုံးသူအလောင်းအား သင်္ဃန်းကျွန်း၊ စံပြဆေးရုံသို့ ပို့အပ်ရာ P-83 ဖြင့် လက်ခံထားရှိခဲ့သည်။ ဇနီးသည်အား သံပိုက်ဖြင့်ရိုက်၍ သေဆုံးအောင် ပြုလုပ်သူ ခင်ပွန်းသည်အပေါ် အရေးယူပေးပါရန် ဒုရဲအုပ်ကျော်ဟန်က တရားလိုပြုလုပ် တိုင်တန်း၍ ဒဂုံတောင်မြို့မ ရဲစခန်း၌ (ပ) ၈၆၇/၂၀၁၅၊ ပြစ်မှုမုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒုရဲမှူး မောင်မောင်ဦးက စစ်ဆေးလျက်ရှိသည်။
The Messenger Media
http://messengernewsjournal.com
0 comments:
Post a Comment