![]() |
ရန်ကုန်မြို့ ရှိ အထပ်မြင့် တိုက်ခန်းများ။ ဓါတ်ပုံ - အင်တာနက် |
သေဆုံးသူမှာ အသက်ခြောက်နှစ် အရွယ် မောင်............ဖြစ်ပြီး ၎င်းသည် အခင်းဖြစ်ပွားသည့်နေ့ ညနေ(၆)နာရီ (၅) မိနစ်အချိန်တွင် နေအိမ်ရှိ ငါးလွှာထပ်၌ အမြင့်သုံးပေ ၀ရံတာအနီးတွင် တစ်ပေခွဲခန့်ရှိ သစ်သားစားပွဲခုံပေါ် တက်ရောက် ဆော့ကစားရာမှ အရှိန်လွန် ပြုတ်ကျကာ ဦးခေါင်းကြေမွဒဏ်ရာ ရရှိ၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ရာဆေးရုံရောက် ရှိစဉ် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ အလောင်းအားစစ်ဆေးရာ ဦးခေါင်းကြေမွ ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရပြီး ဆေးရုံမှ PR-191 ဖြင့် လက်ခံထားရှိ၍ ဓမ္မတာအတိုင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ဒုတိယ ရဲအုပ်အောင်မင်းက တရားလိုပြုလုပ် တိုင်းတန်၍ ပိတောက် ချောင်းနယ် မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၉/၂၀၁၅)ဖြင့် အခင်းဖြစ်ပွားသောနေ့တွင် မှုခင်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
The Messenger Media
http://messengernewsjournal.com
0 comments:
Post a Comment