ရွှေလီဦး ခရီးသည်ယာဉ်လိုင်း တိမ်းမှောက်မှုတွင် ပွဲချင်းပြီး သေဆုံးသူ ၈ ဦးအား အသက်အာမခံကြေး တစ်ဦးလျှင် သိန်း ၃၀ ကျပ် ပေးမည်၊ ခရီးသည် ၃၄ ဦးအနက် ၂၅ ဦးအတွက်သာ အာမခံဝယ်ယူထားဟုဆို


 ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ပေါ် ၁၀၅ မိုင် တွင် ရွှေလီဦး ခရီးသည် တင်ယာဉ် တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၃၄ ဦးအနက် ၈ ဦး သည် အခင်းဖြစ်သည့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီးအဆိုပါသေဆုံးခဲ့သည့် ခရီးသည် ၈ ဦး အား IKBZ Insurance Co.,Ltd အာမခံ ကုမဏီမှ အသက်အာမခံကြေး ငွေ တစ်ဦးလျှင် သိန်း ၃၀ ကျပ်အား သြဂုတ်လ ၁၁ ရက်နေ့ ညနေတွင် ပေးအပ်မည်ဖြစ်ကြောင်း အဆိုပါ ကုမဏီမှ ဘဏ္ဏာရေး အရာရှိ ချုပ် ဦးနေမျိုးအောင်က News Watch ဂျာနယ်သို့ပြောသည်။

“ကိုယ်အခုပဲ လက်မှတ်ထိုးပြီး ငွေလွှဲလိုက်ပါပြီ။ ဖြူးမှာရှိတဲ့ ကိုယ်တို့ ဘဏ်ခွဲကို ငွေလွှဲပေးလိုက်တာပါ။ အဲ့ဒီယာဉ်လိုင်းက ကိုယ်တို့ ကုမဏီမှာ အသက်အာမခံထားတယ်။ အာမခံကြေး တစ်ဦးကို မြန်မာငွေ သုံးရာကျပ်နဲ့ပါ။ အခုလို့ မတော်တဆ ဖြစ်သွားတဲ့အခါမှာ ကုမဏီက သေဆုံးသွားတဲ့ သူတွေအတွက် တစ်ဦးကို သိန်း သုံးဆယ် ကျပ်ဆီ ပေးလျော့မှာပါ။” ဟု ၄င်းကဆိုသည်။

“အခုလည်းကိုတို့ အာမခံ ကုမဏီက ၀န်ထမ်းတွေ အချိန်နဲ့တစ်ပြေးညီ ဒဏ်ရာရတဲ့သူတွေကို လိုက်ပါဆောင်ရွက်ပေးနေတယ်။ အခု သေးဆုံးသွားတဲ့ သူတွေကို လျှော်ကြေး ပေးပြီးတော့ ဒဏ်ရာရထားတဲ့သူတွေကို အသက်အာမခံကြေးမပါသေးဘဲနဲ့ လက်တလော သုံးလို့ရအောင် တစ်ဦးကို တစ်သိန်းစီပေးထားပါတယ်”ဟု IKBZ Insurance Co.,Ltd အာမခံ ကုမဏီမှ အထွေထွေမန်နေဂျာ ဦးအောင်စိုးဦးက ဆိုသည်။

ရန်ကုန်- လာရှိုးသို့ ပြေးဆွဲခဲ့သည့် ရွှေလီဦး ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃၄ ဦးအနက် IKBZ Insurance Co.,Ltd အာမခံ ကုမဏီတွင် အသက်အာမခံထားသည့်အရေအတွက်မှာ ၂၅ ဦးသာ ရှိသော်လည်း ကျန်ရှိသည့် ခရီးသည်များအတွက် IKBZ Insurance Co.,Ltd အာမခံ ကုမဏီမှ အခမဲ့ လိုက်လံဆောင်ရွက်ပေးနေကြောင်း ၎င်းကဆိုသည်။


ရန်ကုန် မှ လာရှိုးသို့ ပြေးဆွဲခဲ့သည့် ရွှေလီဦး ခရီးသည်တင်ယာဉ်လိုင်း သည် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ခွဲတွင် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅ မိုင်အရောက် ၌ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်များအနက်မှ ၈ ဦးသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထို့အပြင် ဒဏ်ရာရရှိထားသူများအနက်မှ ခရီးသည် အမျိုးသားတစ်ဦးသည် သြဂုတ်လ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီ ကျော်တွင် နေပြည်တော် စစ်ဆေးရုံတွင် ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment