ကျောင်းသူ (၃) ဦး စက်လှေမှောက်ရေနစ်သေဆုံးမှုဖြင့် သေဆုံးသူကျောင်း သူ၂ဦး၏ဖခင် စက်လှေမောင်းသူအား ဖမ်းဆီးထား
 ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကွင်းသုံးဆင့် အထက် တန်းကျောင်းမှ ကျောင်းသူ (၃) ဦးသည် သြဂုတ်(၁၀)ရက်နေ့ က ကျောင်းဆင်းချိန် အိမ်အပြန်တွင် စက်လှေမှောက် သေဆုံးမှုဖြစ်ပွား ခဲ့သဖြင့် စက်လှေ မောင်းသူ သမီး(၂)ဦးဖခင်ဖြစ်သူကို အသုတ် နယ်မြေရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရသည်။
ကွင်းသုံးဆင့် အထက်တန်းကျောင်းတွင် တက်ရောက်ပညာ သင်ကြားနေ သည့် (၇) တန်းနှင့် (၉) တန်း ကျောင်းသူ သမီးနှစ်ယောက်နှင့်အတူ တစ်ရွာတည်းနေ (၅) တန်းကျောင်းသူနှစ်ဦးကို တင်ဆောင် ကာ ကျောင်းပြန်ကြိုလာစဉ် မိုးသည်းလေထန်သဖြင့် စက်လှေတိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိမ်းမှောက်မှုကြောင့် ကျောင်းသူ (၃) ဦး သေဆုံးသွားသဖြင့် စက်လှေမောင်းသူအား ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ကြောင်း အသုတ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“ကျောင်းနဲ့ သူတို့နေတဲ့ ညောင်ပင်သာရွာက ရေမိုင် (၁၅) မိုင်လောက် ဝေးပါတယ်။ အိမ်အပြန်ခရီး သူတို့ ရွာထိပ်က ရေ (၇) ပေလောက်အနက် လယ်ကွင်းပြင်ထဲအရောက်မှာ မိုးထန်ပြီး လေပြင်းတိုက်လို့ စက်လှေ တိမ်းမှောက်ခဲ့တာပါ။ သူ့သမီးနှစ်ယောက်စလုံးလည်း စက်လှေတိမ်းမှောက်လို့ သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေအရတော့ ကျောင်းသူ (၃) ဦး သေဆုံးခဲ့တဲ့အတွက် သူ့ကို အသုတ်နယ်မြေ ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေပါတယ်။”ဟု အသုတ် နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် ကွင်းသုံးဆင့် အထက်တန်းကျောင်း တွင် တတ်ရောက်ပညာ သင်ကြားနေသော ညောင်ပင်သာကျေးရွာအုပ်စု၊ အုန်းတစ်ပင်ကျေးရွာနေ (၅) တန်းကျောင်းသူ မမြင့်မြတ်မိုး(၁၄)နှစ် နှင့် စက်လှေမောင်းသူ၏ သမီးနှစ်ဦးဖြစ်သည့် သရက်ကုန်းကျေးရွာနေ (၉) တန်း ကျောင်းသူ မအေးအေးအောင်(၁၄ နှစ်)၊ (၇) တန်းကျောင်းသူ မမြင့်မြင့်ဝင်း(၁၂နှစ်) တို့မှာရေနစ်သေဆုံးခဲ့ပြီး စက်လှေပေါ်ပါလာသည့် (၅) တန်းကျောင်းသူ တစ်ဦးကိုသာ အသက်ရှင်လျှက် ကယ်တင်နိုင် ခဲ့ကြောင်း အသုတ်နယ်မြေရဲစခန်းမှ သိရသည်။
ထိုကဲ့သို့ ကျောင်းသူများ စက်လှေမှောက်ကာ ရေနစ်သေဆုံးခဲ့ပြီးနောက် မြို့နယ် ပညာရေးမှုးရုံးမှ တာဝန်ရှိသူများမှ အရေးပေါ်အစည်း အဝေး ပြုလုပ် ကာ ရေကြည်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၂၅၈) ကျောင်း ကို သြဂုတ်လ (၁၁) ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ရန်ဆုံးဖြတ် ခဲ့ကြောင်း ပုသိမ်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
“ကျောင်းတွေရေမမြုပ်ပေမယ့် ကလေးတွေက ကျောင်း သွားကျောင်းပြန် ရေပြင်ကျယ်ကြီးတွေက ဖြတ်သွားနေရတဲ့အတွက် သွားရေးလာရေးခက်ခဲတဲ့အတွက် မနေ့ညနေက အစည်းအဝေး ထိုင်ပြီးကျောင်းတွေ ကိုပိတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။” ဟု ပုသိမ်ခရိုင် ပညာရေးမှူး ဦးဥာဏ်သိန်းက ပြောသည်။
စက်လှေတိမ်းမှောက်နစ်မြုပ်ပြီး ကျောင်းသူသုံးဦးသေဆုံးခဲ့သဖြင့် စက်လှေမောင်းသူ ဦးဝင်းအောင် အား အသုတ်နယ်မြေရဲစခန်းမှ (ပ)၃၂/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၄-(က)ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျှက် ရှိကြောင်း သိရသည်။
သတင်း-MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus
About Editor
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
0 comments:
Post a Comment