လာမည့် 007 ရုပ်ရှင်ကားမှာ James Bond နေရာက သရုပ်ဆောင်ဖို့ David Beckham စဉ်းစားနေ


လက်ရှိ James Bond မင်းသား Daniel Craig ရဲ့ စာချုပ်ဟာ သက်တမ်းကုန်တော့မှာဖြစ်တာကြောင့် အသက် ၄၀ နှစ်အရွယ်၊ ဘောလုံးအကျော်အမော် David Beckham ဟာ James Bond နေရာကို ရယူဖို့ စဉ်းစားနေကြောင်း Daily Star သတင်းတစ်ပုဒ်အရ သိရပါတယ်။
ကလေးလေးယောက်ဖခင် Beckham ဟာ သူ့ ရဲ့ပရိတ်သတ်တွေက James Bond နေရာကနေ ပါဝင်ဖို့  ၀ိုင်းဝန်းအားပေးထောက်ခံကြမှုကြောင့် အေးဂျင့် 007 နေရာအတွက် လျှောက်ထားဖို့ စတင် စဉ်းစားနေပြီ ဖြစ်တယ် လို့ ဆိုပါတယ်။ David Beckham ဟာ သရုပ်ဆောင်အလုပ်နဲ့ စိမ်းသူတစ်ဦး မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ ခရစ်စမတ် ရုပ်ရှင်ကား Only Fools and Horses မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
မကြာသေးမီကလည်း ဒါရိုက်တာ Guy Ritchie ရိုက်ကူးတဲ့ Knights of the Roundtable:King Arthur မှာ သံချပ်ဝတ်မြင်းစီး သူရဲကောင်းတစ်ဦးအဖြစ် စကားပြောခန်း ၁၃ ခန်းတိတိ ပါဝင် သရုပ်ဆောင်ထားပါတယ်။“ Guy နဲ့ ကျွန်တော်က မိတ်ဆွေကောင်းတွေဖြစ်ပြီး သူ့ ကို ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်သာ ဒီရုပ်ရှင်ကို ဖျက်ဆီးပစ်သလို ဖြစ်မယ်လို့ သူထင်ရင် ကျွန်တော့်ကို ထည့်ရိုက်မှာ မဟုတ်ပါဘူး” လို့ David Beckham က အဆိုပါ ရုပ်ရှင်ကားအပေါ် မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။
Ref: Mirror
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment