အခုအချစ်က အရင်ကဟာထက် ပိုပြီးနားလည်မှုရှိသလို ပိုပြီးစိတ်ချမ်းသာရတယ်လို့ပြောလာတဲ့ ခိုင်သဇင်ငုဝါ


လက်ရှိမှာအေးချမ်းတဲ့ အချစ်သစ်ကို ပိုင်ဆိုင်ထားတဲ့ ခိုင်သဇင်ငုဝါက သူမရဲ့သာယာပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးအကြောင်းကိုပြောပြလာတဲ့အခါ "အချစ်ရေးကတော့ လက်ရှိသာသာယာယာပါပဲ။ အခုက အပြင်လူနဲ့ပါ။ အရင်တုန်းက အချစ်ကတော့ သူနဲ့ကျတော့ တိုက်ဆိုင်မှုကအဆင်မပြေတာတွေ များတယ်။ ညှိယူလို့မရတာတွေ များတယ်။ အဆင်မပြေဘူး။ အဲ့ဒါကြောင့်လမ်းခွဲခဲ့တာပါ။ အခုအချစ်သစ်နဲ့ကတော့ တစ်လကျော်ပါပြီ။ လူမှုကွန်ယက်မှာ လူသိရှင်ကြား တွဲတယ်ဆိုတာကလဲ ညီမတို့ကလိမ်လဲ မလိမ်ချင်ဘူး။ ကိုယ့်မှာရှိတယ်ဆိုတာလဲ လူတိုင်းသိနေတယ်။ သိသိရက်နဲ့လဲ မလိမ်ချင်ဘူး။ ဘယ်သူလဲဆိုတာ သိတဲ့အခါမှာလဲ သူတို့လိုက်ဧ။် မလိုက်ဧ။် ဝေဖန်လို့ရတယ်။ အနည်းနဲ့အများဝေဖန်မှုရှိပေမဲ့ အဲ့ဒီဝေဖန်မှုတွေကို ဂရိုစိုက်နေရင် အလုပ်မဖြစ်ဘူး။ ကိုယ့်ကိုကိုယ် မင်းသမီးတစ်ယောက်လို့လဲ မသတ်မှတ်ထားဘူး။ အနုပညာရှင်တစ်ယောက်လို့လဲ မခံစားဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရင်း ကိုယ်ချစ်တဲ့သူနဲ့တွဲတာကိုပေါ်တင်တင်ဖြစ်တယ်။"လို့ သူမက ပြောပါတယ်။
အရင် အနုပညာသမား တစ်ယောက်နဲ့ တွဲတုန်းက အချစ်နဲ့အခုအချစ်ကွာခြားချက်ကို မေးကြည့်တော့ "တွဲပြီဆိုကတည်းက တစ်ယောက်နဲ့တစ်ယောက်ကချစ်ကြတာပဲလေ။ ဒါပေမဲ့ အဆင်မပြေမှုတွေ များလာတဲ့အခါ ညှိယူလို့မရတဲ့အခါ လမ်းခွဲခဲ့ကြတယ်။ ဒီတစ်ယောက်နဲ့ကျတော့ တွဲလာတာ တစ်လခွဲဆိုပေမဲ့ အကြာကြီးတွဲနေကြသလို ခံစားရတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်တာကတော့ မတူဘူး။ ဒါပေမဲ့ ဒီတစ်ယောက်ကတော့ ညီမကို ပိုပြီး နားလည်မှုပေးနိုင်တယ်။ ပိုပြီးတော့ စိတ်ချမ်းသာမှုပေးတယ်။ သူနဲ့ကငယ်ငယ်လေးကတည်းက သူငယ်ချင်း သိပ်ပြီးထွေထွေထူးထူး ကြည့်စရာမလိုဘူး။ သူငယ်ချင်းလိုလဲပေါင်းလို့ ရတယ်။ ချစ်သူလိုလဲပေါင်းလို့ရတယ်။ အရင် တစ်ယောက်ကျတော့ အနုပညာရှင်ဆိုတော့ ပိုပြီ: စိတ်ပူရတယ်။ ရုပ်ရှည်ကျတော့လဲ မိန်းကလေးကြိုက်ဆိုတော့ သူ့အတွက်ပဲခေါင်းထဲ ထည့်ထားရတယ်။ ဒီတစ်ယောက်ကတော့ အပြင်လူပဲဆိုတော့ သိပ်စိတ်မပူရဘူး။ အရင်က အသည်းကွဲခဲ့လားဆိုတော့ ညီမက ပိုပြီးသည်းခံခဲ့ရတော့ ပိုပြီးခံခဲ့ရတာများတော့ စိတ်နာတာပေါ့နော်။ အဲ့ဒါတွေအားလုံးကို ဥပေက္ခာပြုလိုက်တော့ ကိုယ့်စိတ်ထဲမှာ ဘာခံစားချက်မှ မရှိတော့ဘူး"တဲ့။
မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့၂၀၁၅ ရွေးကောက်ပွဲကတော့ ဘယ်သူ့ကိုမဲပေးဖြစ်မလဲဆိုတော့ "ညီမကတော့ နိုင်ငံရေးတွေ အလေးမထားဘူး မဟုတ်ဘူး။ သိတယ်။ ဒါပေမဲ့ အိမ်က မိဘရွေးချယ် တာကိုပဲရွေးချယ်ဖြစ်မယ် ထင်ပါတယ်။ ပြည်သူတွေ အတွက်ကတော့ တခြားနိုင်ငံတွေနဲ့မတူဘူး။ သစ်တောပြုန်းတီးတာတွေလဲ များလာတယ်။ ပြန်လည်ထူထောင်ရေးမှာဆိုလဲပြည်သူတွေ ပံ့ပိုးမှုကို အဓိကမလုပ်ပဲ သစ်ခိုးထုတ်မှုတွေ ဘာတွေကိုပိုပြီး ဦးစားပေး လုပ်သင့်တယ်ထင်တယ်။ အခုကပြန်လည်ထူထောင်ရေးသာ လုပ်လိုက်တယ်။ နောက်ထပ် သဘာဝဘေးအန္တရယ်ကျရောက်လာရင် သစ်တောတွေမရှိတော့ရင် အန္တရယ်တွေကပြန်ဖြစ်လာမှာပဲ။ အဲ့ဒါကြောင့် သဘာဝဘေးအန္တရယ်ကိုကာကွယ်မဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့မှ ပြည်သူတွေကို ကူညီတာပိုပြီးအဆင်ပြေမယ်ထင်တယ်။"လို့ သူမက ဖွင့်ဟသွားပါတယ်။
လက်ရှိမှာ ခိုင်သဇင်ငုဝါဟာ MRTV 4 က Fashion Focus နဲ့ Style Secret ကဏ္ဍလေးတွေရိုက်ပေးဖြစ်နေပြီး  ရေဘေးနဲ့ပတ်သက်ပြီး အလှူခံတွေ လုပ်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။ "ရေဘေးအတွက် ပရဟိတအလုပ်တွေကိုတော့ ညီမတို့ရဲ့ မေတ္တာကမ်းလမ်းအဖွဲ့ကနေမော်လ်ဒယ်တွေပဲ စုလုပ်တာပေါ့။ ကိုယ်တိုင်မသွားနိုင်တော့ ညီမတို့ သူငယ်ချင်းတွေကနေ သွားလှူပေးတယ်။ နောက်ပြန်လည် ထူထောင်ရေးအပိုင်းမှာလဲ သွားလှူပေးဖို့ရှိတယ်။ ကောက်ထားတဲ့ အလှူငွေထဲက ပိုတဲ့ဟာတွေကိုလဲ ပြန်လှူပေးဖို့ရှိတယ်။ ထပ်ကောက်ပေးဖို့လဲရှိပါတယ်။"လို့ ဆိုသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment