အဆင့်မြင့်နည်းပညာတွေနဲ့ ဂျပန်နိုင်ငံက စက်ရုပ်ဟိုတယ်


စက်ရုပ်ဝန်ထမ်းတွေ ခန့် ထားတဲ့ ဟိုတယ်သစ် တစ်လုံးကို ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ Henn-na Hotel လို့ အမည်ရပြီး မြန်မာလို ထူးခြားဆန်းကြယ်ဟိုတယ် လို့ အမည်ရပါတယ်။
နာဂါဆာကီစီရင်စုထဲက၊ ဆဆဲဘို့ မြို့ ၊အပန်းဖြေဥယျာဉ်အတွင်းမှာ တည်ရှိတဲ့ Henn-na Hotel ကို လာရောက်တည်းခိုတဲ့ ဧည့်သည်တွေဟာ အခန်းတွေကို သော့မလိုဘဲ မျက်နှာစကင်ဖတ် face-recognition စနစ်နဲ့ ဝင်ရောက်နိုင်သလို အခန်းထဲက ဇိမ်ခံပစ္စည်းတွေကို တက်ဘလက်တွေနဲ့ ထိန်းချုပ် နိုင်မှာဖြစ်ပါတယ်။
ဧည့်ကြိုကောင်တာရောက်ရောက်ချင်း ဒိုင်နိုဆော စက်ရုပ်တစ်ကောင်နဲ့ မိန်းမပျို စက်ရုပ်တစ်ရုပ်က အသင့်စောင့်ကြိုနေကာ အ၀င်၊အထွက် တည်းခိုစာရင်းသွင်းဖို့ ကူညီပေးမှာဖြစ်ပြီး စက်ရုပ်တွေနဲ့ စကားစမြည်ပြောဆိုလို့ တောင် ရတယ်လို့ Henn-na Hotel က ဆိုပါတယ်။
Henna-na Hotel ကို Kawazoe Lab ၊ တိုကျိုတက္ကသိုလ် စက်မှုသိပ္ပံဌာနနဲ့ Kajima ကော်ပိုရေးရှင်းတို့ က ပူးပေါင်းဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ခရီးသည်တွေရဲ့ အိတ်ကို အခန်းထိ သယ်ပေးမည့် စက်ရုပ်၊ ဟိုတယ်သန့် ရှင်းရေးလုပ်ပေးမယ့် စက်ရုပ်နဲ့ ၊ ပစ္စည်းအပ်နှံမှုကို တာဝန်ယူတဲ့ စက်ရုပ်တွေ ပါရှိသလို ဟိုတယ်မှာ တခြား နည်းပညာအမြင့်စားတွေလည်း အသုံးပြုထားပါတယ်။
ဧည့်သည့်တွေဟာ အခန်းသော့မလိုဘဲ မျက်နှာစကင်ဖတ်နည်းပညာနဲ့ အခန်းထဲ ၀င်ရောက်နိုင်သလို အခန်းထဲ ၀င်ရောက်လိုက်တာနဲ့ လှုပ်ရှားမှု အာရုံခံကိရိယာထိန်းချုပ် မီးသီးတွေက အလိုအလျောက် လင်းလာမှာဖြစ်ပါတယ်။ မိမိဆန္ဒ အလျောက် ထိန်းချုပ်ချင်ရင်လည်း ဟိုတယ်အခန်းထဲမှာ အသင့်ပါတဲ့ တက်ဘလက်ကနေ မီးလုံး အပါအ၀င် တခြားအခန်းတွင်း ပစ္စည်းတွေကို ထိန်းချုပ်နိုင်ပါတယ်။
Henna-na Hotel ကို ဇူလိုင်လ ၁၇ ရက်နေ့ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ပထမအဆင့် တည်ဆောက်မှု ကာလအတွင်း အခန်း ၇၂ ခန်း အသုံးပြုနိုင်ကာ အလုံးစုံ အပြီးသတ်ပြီးရင် အခန်းပေါင်း ၁၄၄ ခန်း ပါဝင်မှာ ဖြစ်ပါတယ်။ အခန်းဈေးနှုန်းကတော့ ယန်း ၉၀၀၀ ( ကန်ဒေါ်လာ ၇၃ ) ဖြစ်ပါတယ်။
Ref: gizmag 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment