Angelina Jolie နဲ့ Brad Pitt တို့ ဆီးရီးယားဒုက္ခသည် ကလေးတစ်ယောက်ကို မွေးစားဖို့ ဆောင်ရွက်နေ


Brad Pitt နဲ့ Angelina Jolie တို့ ရဲ့ ပြီးပြည့်စုံတဲ့မိသားစုဘ၀ထဲကို နောက်တစ်ယောက် ထပ်ဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။ Jolie နဲ့ Pitt တို့ ဟာ အဖေဖြစ်သူကို စစ်သားတွေက ပြန်ပေးဆွဲသွားပြီး အမေဖြစ်သူ အသတ်ခံခဲ့ရတဲ့ ဆီးရီးယား ညီအစ်ကိုသုံးယောက်နဲ့ တွေ့ ပြီးနောက်မှာ ကလေးတစ်ယောက်ကို မွေးစားဖို့ တရားဝင်ဆောင်ရွက်မှု လုပ်ငန်းကို အပြီးသတ်နေကြတယ်လို့  သတင်းထွက်ပေါ်လာပါတယ်။ 
သူတို့ ဇနီးမောင်နှံမှာ လက်ရှိကလေးခြောက်ယောက်ရှိနေပြီး သုံးဦးက မွေးစားထားတဲ့ ကလေးတွေဖြစ်ပါတယ်။ Jolie ဟာ အဆိုပါ ညီအစ်ကိုသုံးယောက်လုံးကို မွေးစားဖို့ ပထမ စိတ်ဝင်စားခဲ့ပေမယ့် နောက်ဆုံးမှာတော့ Pitt က တစ်ယောက်တည်းမွေးစားဖို့ အတွက် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ 
၂၀၁၁ ခုနှစ်ကတည်းက ပြည်တွင်းစစ်ကြုံတွေ့ နေရတဲ့ ဆီးရီးယားမှာ၊ ယခုဆိုရင် ကုလသမဂ္ဂ ဒုက္ခသည်ကယ်ဆယ်ရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း လေးသန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံတွေဆီ အိုးအိမ်စွန့် ခွာထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ 
Brad Piit နဲ့ Jolie တို့ ဇနီးမောင်နှံဟာ လူ့ အခွင့်အရေးလှုပ်ရှားမှုတွေကြောင့် နာမည်ကျော်ပြီး Jolie ဟာ ကုလသမဂ္ဂဒုက္ခသည်ကယ်ဆယ်ရေးမဟာမင်းကြီးရုံးအတွက် အထူးသံတမန်အဖြစ် ဆောင်ရွက်ရမှာ အရေးကြီးကိစ္စအများအပြားကို ကမ္ဘာကသိအောင် မီးမောင်းထိုးပေးနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ 
Ref: yahoo 
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment