
အနုပညာ ပျိုးခင်းကနေ နာမည်ရလာခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက သူမအနေနဲ့ သရုပ်ဆောင်ပိုင်းမှာ သ္ဌာန်လုပ် သရုပ်ပေါ်ဖို့ကို အဓိကထားကာ တန်းဖိုးလည်း ထားတယ်လို့ သိရပါတယ်။ “ညီမကို ယုံကြည်လို့ လာအပ်တဲ့ ကာရိုက်တာကို တန်ဖိုးထားပါတယ်။ နောက်ပြီး ကာရိုက်တာကို အသက်သွင်းတဲ့ အခါမှာ ကာရိုက်တာရဲ့ အခြေအနေကို လိုက်ပြီး ဘာဝတ်သင့်လဲ ဆိုတာကို အလေးထားပြီး ၀တ်တယ်။ ဘယ်တော့မှ ကိုယ်ဝတ်ချင်တဲ့ အရာကို ဦးစားမပေးဘူး။ ဒါမှလည်း ညီမသရုပ်ဆောင်တဲ့ ကာရိုက်တာက ပရိသတ်အတွက် ကြည့်တဲ့အခါ အသက်ဝင်သွားမယ်။ ဒါကညီမရဲ့ယုံကြည်မှုပါ။ နောက်ပြီး ပေးလာတဲ့ ကာရိုက်တာတိုင်းကို အားထုတ်မှုနဲ့ အတူတူနဲ့ပဲ လုပ်တယ်။ ဘယ်ဟာကို ပိုလုပ်မယ်၊ ဘယ်ဟာကို လျှော့ချမယ်လို့ မတွေးဘူး”လို့ ပြောသွားခဲ့ပါတယ်။ လက်ရှိမှာတော့ လွှမ်းပိုင်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဆိုတဲ့ သီချင်း MTV လေး ရိုက်ကူးပေးထားပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့လည်း ရှိတယ်လို့ ပြောသွားပါတယ်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment