
ပရိသတ် အကြိုက်များလာတဲ့ အဆိုတော်ရွှေထူးက သူ့အတွက် အသည်းကွဲ သီချင်းတွေက အကျိုးပေးတယ်လို့ ဆိုပါတယ်။ “ကျွန်တော့်ကို ပရိသတ်က စပြီးလက်ခံခဲ့တာက ဒီအသည်းကွဲ သီချင်လေးတွေကြောင့်လို့ မြင်ပါတယ်။ အခုဆိုရင် အသည်းကွဲ အဆိုတော်လို့တောင် ခေါ်လာကြတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က အခြား အချစ်သီချင်းလေးတွေလည်း ပိုပြီး လုပ်ဖြစ်လာတယ်။ အသည်းကွဲ သီချင်းတွေနဲ့တော့ ကျွန်တော် ပိုအကျိုးပေးတယ် ထင်တယ်။ နောက်ပိုင်းတော့ ဒီထဲက ခွဲထွက်ပြီး လုပ်သွားဖို့ရှိတယ်။ တစ်ခုပဲ အသည်း ခဏခဏကွဲလို့ အသည်းကွဲသီချင်း ဆိုတာမဟုတ်ပါဘူး။ အသည်းကွဲ သီချင်းတွေကို ကြိုက်လို့ဆိုတာပါပဲ”လို့ ပြောပြခဲ့ပါတယ်။ ရွှေထူးက လတ်တလောမှာ သူရဲ့ တစ်ကိုယ်တော် သီချင်းအခွေ အသစ်လေး ထွက်ရှိနိုင်အောင် ကြိုစားနေပေမယ့် အရင်သီချင်းဟောင်း လေးတွေကိုလည်း MTV ရိုက်နေပါတယ်လို့ ပြောသွားပါတယ်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment