![]() |
(Credit: AFP) |
ထိုင်းနိုင်ငံမှာ အသက် ၁၅ နှစ်ပြည့်မှ အလုပ်လုပ်ခွင့်ရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပေမယ့် အသက် ၁၅ နှစ်မပြည့်သေးတဲ့ ကလေးငယ် အများအပြားက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြပါတယ်။
အဲဒီကလေးငယ်တွေဟာ တခြားလုပ်ငန်းက ကလေးငယ်တွေနဲ့ လုပ်ငန်းခွင်မှာ ထိခိုက် အန္တရာယ်နဲ့ ပိုပြီး ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
တခြားလုပ်ငန်းမှာ အလုပ်လုပ်ကိုင်သူ ၈.၄ %လောက်ပဲ ဒဏ်ရာရရှိပေမယ့် ပင်လယ်စာ လုပ်ငန်းမှာ လုပ်ကိုင်တဲ့ ကလေးငယ် ၂၀% က လုပ်ငန်းခွင်မှာ ဒဏ်ရာတွေ ရရှိနေကြတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းက ပြောပါတယ်။
ထိုင်းပင်လယ်စာ လုပ်ငန်းရဲ့ ဝင်ငွေဟာ ဒေါ်လာ သန်းပေါင်း ၃၀၀၀ လောက်ရှိပြီး အိမ်နီးနားက အလုပ်သမားတွေအပေါ် မှီခိုနေရပါတယ်။
မြန်မာ အလုပ်သမားတွေ အများဆုံးပါဝင် အလုပ်လုပ်နေကြတာ ဖြစ်ပြီး ကလေးငယ် အလုပ်သမား ၃၀% ကသာ တရားဝင် အလုပ်လုပ်ပြီး တရားဝင် လုပ်အားခလစာ ရရှိကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ပင်လယ်စာကို ဝယ်ယူမယ့်သူတွေ၊ နိုင်ငံတကာ အစိုးရတွေအနေနဲ့ ထိုင်းနိုင်ငံကို ဖိအားပေးပြီး အလုပ်သမားအခွင့်အရေး တိုးတက်အောင် လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကလေးငယ်တွေ အလုပ်လုပ်ကိုင်မှုနှုန်းလျော့နည်းလာအောင် ငယ်ငယ်ကတည်းက ထိုင်းစာ၊ ထိုင်းစကားကို တတ်အောင်သင်ပေးတာတွေ၊ အချိန်ပြည့်မဟုတ်ရင်တော့ အချိန်ပိုင်းအနေနဲ့ စာသင်ယူနိုင်အောင် ဖန်တီးပေးဖို့ တောင်းဆိုမှုတွေ ရှိနေတဲ့အကြောင်း Thomson Reuters Foundation သတင်းမှာ ရေးသားထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment