ဆရာဝန်အလုပ်ကို မစွန့်လွှတ်ဘူးဆိုတဲ့ ပိုင်ဖြိုးသုက သရုပ်ဆောင်ဖက်ကိုလဲ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြောင်းပြော


မကြာသေးခင်ကမှ ဆရာဝန်ဘွဲ့ကို ရရှိပိုင်ဆိုင်ပြီးတဲ့ ပိုင်ဖြိုးသုက တစ်ဖက်ကလဲ အနုပညာလုပ်ငန်းကိုကြိုးစား ရပ်တည်နေသလို အခါအခွင့်ပေးရင်ဖြင့် ရရှိတဲ့ ဆရာဝန်ဘွဲ့ကို အသုံးချကာ ပရဟိတဆေးခန်းလေးမှာ ထိုင်ဖြစ်မယ်လို့သိရတာကြောင့်သူမနဲ့တွေ့ဆုံခိုက် "ဟိုတနေ့ကမှ ညီမကြိုးစားခဲ့ရတဲ့ ဆရာဝန်ဘွဲ့လေးကိုရခဲ့တယ်။ အဓိကကတော့ ပျော်တာပေါ့နော်။ အဲ့ဒီဘွဲ့လေးကို ကိုယ်တန်ဖိုးလဲထားတယ်။ ဒီသင်ထားတဲ့ဆေးပညာကို အလကားထားဖို့လဲ စိတ်ကူးမရှိဘူး။ ညီမထပ်ပြီး လေ့လာစရာရှိတာ ဆက်လေ့လာပြီး ဆရာဝန်ဘွဲ့ကို အသုံးချသွားဖို့ရှိတယ်။ အစက ညီမ လုပ်အားပေးဆေးခန်းလေးမှာ ထိုင်ပေးမယ်ပေါ့။ ဒါပေမဲ့အခု စ၊မ လျှောက်ရဦးမယ်။ ရရင်တော့ ညီမအဲ့ဒီဆေးခန်းလေးမှာ ထိုင်ပေးဖြစ်မယ်။ နောက်ပြီး အကုန်လုံးကလဲ ညီမကိုဆရာဝန် အလုပ်မလုပ်မှာ စိုးရိမ်ကြတယ်။ ပညာတွေ အကြာကြီး သင်ထားတဲ့ အတွက်ပေါ့နော်။ ညီမလဲ လုပ်မှာပါ။ ဆရာဝန်အလုပ်ကို စွန့်လွှတ်ဖို့ရည်ရွယ်ချက် မရှိဘူး။ ဒါပေမဲ့ ညီမဒီဘွဲ့တစ်ဘွဲ့ထဲနဲ့ဆရာဝန်လုပ်လို့ အဆင်မပြေဘူး။ အဲ့ဒါကြောင့်နောက်ထပ်ဘွဲ့တွေရအောင် စာသင်ဦးမယ်။ ပညာကိုလဲ ဆက်လေ့လာသွားမယ်။ အိမ်ကတော့ ဘာဖိအားမှ မပေးတော့ဘူး။ သူတို့ဆရာဝန်ဖြစ်စေချင်တယ်။ ဆရာဝန် ဘွဲ့လဲရပြီးပြီဆိုတော့ ညီမဆုံးဖြတ်ချက်နဲ့ညီမဖြစ်သွားပြီပေါ့။ အဖေကတော့ တခြားဘွဲ့တွေဆက်ယူစေချင်သေးတယ်။ ညီမလဲ ဆရာဝန်အလုပ်ကို လုပ်ကိုလုပ်ဦးမှာပါ။ "လို့ သူမက ဖွင့်ဟသွားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လဲ သူမက "ညီမနို င်ငံရေးနဲ့ပတ်သက်ပြီး အမှန်အတိုင်း ၀န်ခံတာပါ။ ဘာမှနားမလည်ပါဘူး။ ဒါပေမဲ့ ဘယ်သူရယ် ဘယ်ဝါရယ် ပုဂ္ဂိုလ်စွဲမရှိဘူး။ ညီမဖြစ်စေချင်တာ တစ်ခုကပြည်သူတွေကို သားသမီးကို သဘောထားပြီး ပြည်သူတွေကိုကြည့်ပေးမဲ့ အစိုးရဖြစ်ရင်ညီမကျေနပ်ပါတယ်။ ညီမဘယ်ပါတီကို မဲပေးမယ်ဆိုတာလဲ မရှိဘူး။ ပြည်သူအတွက် အကောင်းဆုံး လုပ်ပေးနိုင်မဲ့ ပုဂိုလ်ကိုပဲ ညီမမဲထည့်မှာပါ။ အခုကရွေးကောက်ပွဲ နီးတဲ့ အချိန်မှာရေဘေးကဖြစ်တော့ အနည်းနဲ့အများကရေဘေးကို ပိုစိတ်ရောက်နေကြတယ်။ ဟိုဖက်မှာ ဒုက္ခရောက်နေတဲ့သူတွေက ဒုက္ခရောက်နေကြတော့ ဟိုဖက်က လိုအပ်တဲ့သူတွေကို ပိုလုပ်ပေးဖြစ်နေတယ်"တဲ့။
မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ဓားတစ်စင်းနဲ့ချစ်မိခြင်းကားနဲ့ပတ်သက်ပြီးတော့လည်း " ပြန်ကြားရတဲ့ Feedback ကတော့ တချို့ကလဲ အဲ့ဒီကာရိုက်တာကို ထပ်မရိုက်စေချင်ဘူး။ အဲ့ဒီလိုပြောတဲ့သူက ၂ယောက်လားပဲ ညီမကြုံဖူးသေးတယ်။ ကျန်တဲ့သူတွေကတော့ ဇာတ်လမ်းအားဖြင့် ဆန်းတယ်။ ကြိုက်တယ်လို့ပြောကြပါတယ်။ လက်ရှိမှာ လူဆိုတဲ့ကားလေးကို ဒါရိုက်တာ ဥာဏတင်စိုး၊ ကိုပြေတီဦးတို့နဲ့ရိုက်ကူးနေပြီး ဇာတ်လမ်းအရ ထူးခြားတဲ့နေရာလေးတွေမှာ သွားရိုက်ထားတယ်။ လှိုင်သာယာတို့၊ ပဲခူးဖက်က အဆိုတော်မငယ်ငယ်ရဲ့ သစ်ပင်အိမ်လေးမှာသွားရိုက်ထားတယ်။ အဲ့ဒီကားလေးက ရန်ကုန်ထဲမှာရိုက်တာဆိုလို့ ၂ရက်လောက်ပဲရှိတယ်။ ကျန်တဲ့ရက်တွေက ရန်ကုန်အပြင်ဖက်မှာ ထွက်ရိုက်ထားတယ် ။ အဲ့ဒါပြီးရင်တော့ ကိုခန့်နဲ့အတူ မင်းသမီးတစ်ယောက်အနေနဲ့ဗီဒီယိုကားတစ်ကားမှာပါဝင်သရုပ်ဆောင်ဖို့ရှိပါတယ်"လို့ သူမက ပြောပြပေးခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment