ပရဟိတ အလုပ်ဆိုတာ ပြောတော့သာလွယ်တာ တကယ်လုပ်ရတာ မလွယ်ဘူးလို့ပြောပြလာတဲ့ထားထက်ထက်


Miss တစ်ယောက်လဲဖြစ်သလို ပရဟိတပိုင်းကို စိတ်ဝင်တစားနဲ့ပါဝင်ကူညီ လုပ်ကိုင်ပေးလေ့ရှိတဲ့ ထားထက်ထက် က ရေဘေးနဲ့ပတ်သက်တွေ အပိုင်းတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့အတွက် ကားရိုက်ပိုင်းကို သိပ်မလုပ်နိုင်သေးသလို မကြာခင်မှာလဲ ပြန်လည်ထူထောင်ရေးအတွက်ကို ဝေဠုကျော်တို့ရှိတဲ့ နေရာထိ သွားရောက်ကာ ရေဘေးပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီလှုပ်ရှားဦးမှာမို့သူမနဲ့တွေ့ဆုံခိုက် သိချင်တာတွေ မေးမြန်းကြည့်တဲ့အခါ
"အခုလက်ရှိ အနုပညာလှုပ်ရှားမှုက ဓာတ်ပုံတွေရိုက်ဖြစ်နေတယ်။ ဗီစီဒီတွေရိုက်ဖြစ်နေတယ်။ အဓိကကတော့ ရေဘေးအတွက် ပရဟိတပိုင်းမှာ ပါဝင်ဆောင်ရွက်ပေးဖြစ်နေတယ်။ ပြန်လည်ထူထောင်ရေးက အများကြီး လုပ်ဆောင်ပေးဖို့ ရှိသေးတယ်။ ကိုဝေဠုကျာ်တို့ဖောင်ဒေးရှင်းက Miss Myanmar Group ကို သိန်း၁၀၀ ပေးထားတာရှိတယ်။ အဲ့ဒါကို ကိုယ်စားသွားလှူပေးဖို့ရှိတယ်။ ရှေ့မှာ ရေနံချောင်းမှာ နွားအကောင်ရေ ၈၀၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို သွားလှူတယ်။ နောက်ပြီးခဲ့တဲ့ အခေါက်က လက်ပံတန်းမှာ သွားလှူတယ်။ အခုကိုဝေဠုကျော်တို့ရှိတဲ့နေရာကိုသွားပြီးပြန်လည်ထူထောင်ရေးအတွက်သွားကူညီပေးဖို့ရှိတယ်။ နောက်ထပ် ထားထက်ထက်တို့ Miss Myanmar အဖွဲ့နဲ့လဲ plan ဆွဲထားတာရှိပါတယ်။"လို့ သူမက ပြောပြပါတယ်။
၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လဲ သူမက "တကယ်တက်လာမဲ့သူက ကိုယ့်ပြည်သူပြည်သား ကိုယ့်တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်ပြီး တကယ်အကောင်းဆုံး လုပ်နိုင်မဲ့ အဖွဲ့အစည်းအသင်းအဖွဲ့ကို မဲပေးဖို့အဆင်သင့်ပါ။ အခု အကုန်လုံးက အားပေးနေကြတာကတော့ NLD ပေါ့။ အဲ့ဒီလိုပဲ ထားထက်ထက်တို့လဲပေးဖို့အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံကလဲ အခု အရင်နဲ့မတူဘူး။ အရမ်း တိုးတက်လာတယ်။ နောက်ထပ် တက်လာမဲ့ခေါင်းဆောင်ကလဲ ဒီ့ထက်ပိုပြီး တိုးတက်အောင်လုပ်နိုင်မဲ့ခေါင်းဆောင် ဆိုရင်ပိုပြီးတော့ ၀မ်းသာရမယ်။ ဘယ်သူပဲတက်တက် ထားထက်ထက်ကတော့ အကောင်းဆုံးနဲ့ ကိုယ်ကျိုးစွန့်ပြီး တကယ်ပြည်သူအတွက်ကြည့်တဲ့ သူတိုင်းပြည်ကို တကယ့်မိဘသဖွယ် အုပ်ချုပ်နိုင်တဲ့သူဆိုရင်တော့ အကောင်းဆုံးပဲပေါ့"တဲ့။
လောလောဆယ်မှာ ကားရိုက်ပိုင်းထက် ပရဟိတပိုင်းမှာပိုလုပ်ဖြစ်နေတဲ့ ထားထက်ထက်က "ထားထက်ထက်ရဲ့ကားတွေလဲအများကြီးထွက်ဖို့ရှိပါတယ်။ ပရဟိတလုပ်တယ် ဆိုတာလဲ လုပ်တဲ့သူအပေါ်မှာမူတည်တာပေါ့။ သူ့ရဲ့စိတ်ရင်းကလဲ အဓိကကျပါတယ်။ ထားထက်ထက်တို့ဆိုရင် Miss မဖြစ်ခင်ကတည်းက ပရဟိတလုပ်တယ်။ ဖြစ်သွားတဲ့ အချိန်မှာလဲ လုပ်တယ်။ ဒါပေမဲ့ Miss တာဝန်ကို ကိုယ်တကယ် ထမ်းဆောင်ပြီးတဲ့ အချိန်မှာလဲ ပရဟိတကို လုပ်နေတယ်။ ကိုယ်က နာမည်ကြီးချင်လို့အောင်မြင်ချင်လို့ထက် ပရဟိတအလုပ်ဆိုတာ တကယ်လုပ်ဖူးတဲ့သူပဲ သိပါတယ်။ ပြောတော့သာလွယ်တာ၊ တကယ်လုပ်ရင်မလွယ်ဘူး။ ထားထက်ထက်ဆို အမြဲသွားနေရတယ်။ ရှုတင်တွေလဲ သွားရတယ်။ အချိန်ကို မရရအောင်ယူပြီး သွားလုပ်နေရတာပါ။ တကယ်လုပ်နေတဲ့သူက အသိဆုံးပေါ့။ အဲ့ဒီလိုပရဟိတ လုပ်နေတဲ့သူတိုင်း ကိုယ့်စိတ်ကိုယ်နဲ့ကိုယ် လိပ်ပြာကိုသန့်ဖို့အရေးကြီးပါတယ်"လို့ သူမက ပြောသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment