ဆင်းရဲတွင်း ကနေ လွတ်မြောက်မယ့် နိုင်ငံ တစ်နိုင်ငံ ဖြစ်အောင် ဆောင်ရွက်ပေးနိုင်မယ့် အဖွဲ့အစည်းကို လိုချင်ကြောင်း မိုးယံဇွန်ပြော


လက်ရှိမှာ ရေဘေးနဲ့ပတ်သက်တဲ့ ပရဟိတပွဲတွေမှာ ပါဝင်ကူညီပေးဖြစ်နေတဲ့ မိုးယံဇွန်က ဒုတိယခွေအမ်တီဗီကိုလဲ ၂၀၁၆ နှစ်စပိုင်းမှာ ထွက်နိုင်အောင်ကြိုးစားနေသလို မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သက်လို့လဲ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူ့အမြင်သူ့အယူအဆများနဲ့သူဖြစ်စေချင်တဲ့ ဆန္ဒများကိုပြောပြလာတဲ့အခါ
"၂၀၁၅   ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းပဲနိုင်နိုင်၊ ဘယ်အဖွဲ့အစည်းပဲ အာဏာရရ ဘယ်အဖွဲ့အစည်းပဲ နိုင်ငံ့ရဲ့လုပ်ပိုင်ခွင့်ရှိရှိ အရှင်းဆုံးပြောရရင် ကျွန်တော်တို့နိုင်ငံက ဆင်းရဲတဲ့နိုင်ငံဖြစ်နေတာပေါ့။ အဲ့ဒါကြောင့် ဆင်းရဲတဲ့နိုင်ငံအတွင်းကနေ ပပျောက်နိုင်မဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် ဦးတည်ချက်နဲ့ဆောင်ရွက်နိုင်မဲ့ အဖွဲ့အစည်းကိုတော့ ကျွန်တော်တို့လိုချင်တာပေါ့။ အဲ့ဒီလို အဖွဲ့အစည်းမျိုးကို ၂၀၁၅ ရွေးကောက်ပွဲပြီးရင် ပေါ်လာစေချင်ပါတယ်။ နောက်တစ်ခုရှိတာက မဲပေးတဲ့ ပါတီချင်းမတူရင်လဲ ရန်သူဖြစ်စရာ မလိုပါဘူး။ ဒါကနိုင်ငံတိုင်းမှာ ရှိတာပဲ။ ကျွန်တော်တို့ က ကျွန်တော်တို့ကြိုက်တဲ့ ပါတီကို မဲပေးလိုက်လို့ ဟိုဖက်ပါတီကို မကြိုက်တာလဲ မဟုတ်ဘူး။ ဟိုဖက်ပါတီက လူနဲ့လဲရန်ဖြစ်စရာ မလိုဘူး။ တချို့မိသားစုဝင်တွေထဲမှာလဲ မိသားစုချင်းတူပေမဲ့ မဲပေးတဲ့ ပါတီမတူတာမျိုးတွေ ရှိတယ်။ ကိုယ်မဲပေးတယ်ဆိုတာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်မဲပေးတာ။ ဒီပါတီကို မပေးလို့ဒီပါတီကလူတွေနဲ့ရန်ဖြစ်မယ်ဆိုတာ အရမ်းကိုဝေးသွားပါပြီ။"လို့ သူက ပြောပါတယ်။
 ရေဘေးနဲ့ပတ်သက်ပြီးတော့လဲ သူက "ဈေးရောင်းပွဲတော်တွေမှာ ဈေးရောင်းခဲ့တယ်။ ရတဲ့ပိုက်ဆံတွေကို လှူတယ်။ နောက်ကျွန်တော်တို့ဘောလုံးတွေကန်တယ်။ ရတဲ့ပိုက်ဆံတွေကို လိုအပ်တဲ့နေရာတွေမှာ လှူတယ်။ နောက် ကျွန်တော်တို့သီချင်းတွေ ဆိုတယ်။ ရတဲ့ပိုက်ဆံတွေကို လှူတယ်။ နောက် လာမဲ့ ၇ရက်နေ့ နယူးဇီလန်နဲ့မြန်မာနဲ့ကန်မဲ့ပွဲမှာလဲ ကျွန်တော်တို့ရေဘေးအတွက်ရှေ့မှာ သရုပ်ပြခြေစမ်း ကစားကြမယ်။ အနုပညာရှင်တွေနဲ့ ကစားသမားတွေနဲ့ဂိမ်းတွေ ကစားကြမယ်။ ရတဲ့အကျိုးအမြတ်တွေ အားလုံးလှူမယ်။ လာမဲ့ ၁၃ ၊ ၁၄ ၊ ၁၅ မှာလဲ သမ္မကြီးဦးဆောင်ပြီးတော့ ပြန်လည်ထူထောင်ရေးအတွက်နေပြည်တော်မှာ ရှိုးပွဲကြီးလုပ်ဖို့ရှိပါတယ်။ အဲ့ဒီမှာလဲ ပါဝင်ဖို့ရှိကြောင်းနဲ့လက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့က ငဘဆိုတဲ့ ကားကြီးမှာတော်လှန်ရေးခေါင်းဆောင်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး ဒုတိယအယ်လ်ဘမ် အတွက်အမ်တီဗီရိုက်နေတာ ၇ပုဒ်ပြီးနေပြီဖြစ်ကြောင်းနဲ့ ၂၀၁၆ လဆန်းပိုင်းမှာ ထွက်နိုင်အောင်ကြိုးစားနေပါတယ်"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment