လက်ရှိ ဟောင်ကောင်မှာ ရေပန်းစားနေတဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုက နေကို စိုက်ကြည့်တာ ဖြစ်ပြီး နေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစားအသောက်အာဟာရကို အစားထိုး ဖြည့်ပေးနိုင်ရုံသာမက အမြင်အာရုံနဲ့ အိပ်စက်မှု စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တယ်လို့ ဟောင်ကောင်သူတွေက ယုံကြည်နေကြပါတယ်။
အသက် ၂၀ ကနေ ၃၀ အတွင်း အမျိုးသမီးတွေဟာ Sam Ka ရွာက ကမ်းခြေကို ညနေတိုင်း သွားရောက် ကြပြီး ရှူးဖိနပ်တွေချွတ်ကာ၊ ဖုန်းကို alarm ပေးပြီး နေကို စိုက်ကြည့်နေကြပါတယ်။ တစ်ချို့ ကတော့ အသားအရေ ပျက်စီးမှုမဖြစ်အောင်လို့ တစ်ရှူး ဒါမှမဟုတ် ထီးနဲ့ ကွယ်ပြီး နေကို စိုက်ကြည့်ကြပါတယ်။
တစ်ချို့ အမျိုးသမီးတွေဟာ မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ထိတွေ့ ပြီး မျက်လုံးရာသက်ပန်ထိခိုက်မှု မဖြစ်အောင်လို့ အပေါက်သေးသေးလေးဖောက်ထားတဲ့ နေကာမျက်မှန်တွေ ၀တ်ဆင်ပြီး နေကို ငေးကြည့်နေကြတာကို တွေ့ ရပါတယ်။
“ အစာစားသုံးမှုကို အစားထိုးမှုတစ်ခုအနေနဲ့ နေငေးကြည့်တဲ့ လေ့ကျင့်ခန်းကို ကျွန်မတို့ ကျင့်နေကြတာ ဖြစ်ပါတယ်။ ဒီကုထုံးကို အောင်မြင်ပြီးသွားတဲ့ ကျွန်မတို့ ထဲက တစ်ချို့ အမျိုးသမီးတွေဆို အခု အစာ မှီဝဲမှု နည်းပါးသွားပြီး တစ်ချို့ ဆို လုံးဝတောင် စားဖို့ မလိုတော့ဘူး” လို့ အမျိုးသမီးတစ်ယောက်က ပြောပြပါတယ်။ ကုထုံးစခံယူတဲ့ ပထမဆုံးနေ့ မှာ နေ ကို ၁၀ စက္ကန့် အထိ စိုက်ကြည့်ပြီး၊ နေ့ တိုင်း တစ်နေ့ ကို ၁၀ စက္ကန့် ထပ်ပေါင်းပေါင်းသွားကာ၊ ကိုးလမြောက်မှာ ၄၄ မိနစ် ရောက်တဲ့ အထိ ကျင့်ကြတယ်လို့  သိရပါတယ်။
အရေပြားအထူးကုဆရာဝန် Hou Xiang Jun ကတော့ ရေပန်းစားနေတဲ့ အဆိုပါ လုပ်ရပ်ကို စိုးရိမ်ပူပန်လျက်ရှိပြီး ဟောင်ကောင်လို အပူလျော့ပိုင်းဒေသမှာ ခရမ်းလွန်ရောင်ခြည် ဒီဂရီ မြင့်မားမှုနဲ့  ရေပြင်ကနေ နေရောင်ခြည်ပြန်ဟပ်မှုတို့ က ခရမ်းလွန်ရောင်ခြည်စုပ်ယူမှု အဆမတန် ပိုမိုများပြားစေ ကြောင်း ပြောပြခဲ့ပါတယ်။
Ref: Dailymail
source:trend.com.mm
0 comments:
Post a Comment