မင်္ဂလာဒုံ ကိုကာကိုလာကုန်ကြမ်းဂိုဒေါင် မီးလောင်မှု အချိန်ကြာမြင့်စွာ လောင်ကျွမ်းခဲ့ပြီး တန်ဖိုးကျပ်သိန်းတစ်ထောင်ကျော်ဆုံးရှုံး


 ရန်ကုန် စက်တင်ဘာ ၂၄

 ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဥယျာဉ်ဝင်းအတွင်း ရန်ကုန် စက်မှုဇုန်ရှိ ကိုကာကိုလာဘူးခွံ ကုန် ကြမ်းဂိုဒေါင်၌ ယနေ့နံနက် ၆ နာရီ ခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

''မီးလောင်တဲ့ဂိုဒေါင်က လူမရှိ ဘူး။ မနေ့ည ရှစ်နာရီလောက်ကတည်း က ဂိုဒေါင်ပိတ်ပြီး ပြန်သွားကြတယ် လို့ သိရပါတယ်။ လောင်နေတာက မနက် ၆ နာရီခွဲကတည်းက လောင် နေတာ။ ၇ နာရီလောက်မှာ ဘေးအိမ် က ညှော်နံ့ရမှ ဂိုဒေါင်ထဲမှာ မီးလောင် နေမှန်းသိရတယ်။ အဲ့ဒီအချိန်ကျမှ မီးသတ်ကိုအကြောင်းကြားလို့ မီး လောင်တဲ့ပမာဏက ပိုများသွားတာ ပါ။ မီးငြှိမ်းရတဲ့အခါမှာလည်း ဂိုဒေါင် ရဲ့ ရှေ့ဘက်ကပဲ ငြှိမ်းလို့ရတယ်၊ ဘေး တွေနောက်တွေက ဝင်လို့မရလို့ အဆင့်မြင့်မီးသတ်ယာဉ် ဝါးတား တာဝါကရိန်းတွေပါသုံးပြီး ခေါင်မိုး ပေါ်ကနေငြှိမ်းခဲ့ရတယ်၊ အထဲမှာ လည်း ကော်စေ့တွေနဲ့ဆိုတော့ မီး လောင်အားက တော်တော်ကောင်း တယ်။ ‘ဒါ့ကြောင့် မီးလောင်မှုအချိန် ကြာသွားတာပါ'' ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်တာက မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းပြသည်။

အဆိုပါမီးလောင်မှုသည် နံနက် ၆ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ကြာမြင့်ခဲ့ကြောင်းသိရပြီး မီးငြှိမ်း သတ်ယာဉ် ၄၅ စီး၊ အထောက် အကူပြုယာဉ်ရှစ်စီး၊ ကွပ်ကဲမှုယာဉ် ခြောက်စီး၊ တိုင်းကြက်ခြေနီမှ လူနာ တင်ယာဉ်ကိုးစီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၂၆၅ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅ဝ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၉၅ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ ရကြောင်း သိရသည်။

မီးငြှိမ်းသတ်ခဲ့မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက '' ဒီနေရာက စက်မှုဇုန်လည်းဖြစ်တယ်၊ လောင်တာကလည်း ဂိုဒေါင်ဖြစ်နေ တော့ မီးကများပါတယ်။ ‘ ဒါ့ကြောင့် မီးသတ်ကား စေလွှတ်မှုအဆင့်ကိုLevel 3 အထိ သတ်မှတ်ပြီး စေလွှတ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအပါအဝင် အခြား မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းငြှိမ်း သတ်ခဲ့နိုင်လို့ နံနက် ၈ နာရီခွဲမှာ မီးကိုထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ မှာ အပြီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်'' ဟု မြန်မာ့သတင်းစဉ်က မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
ယင်းမီးလောင်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ ဒေသခံ ဦးထွန်းဝင်းက ''မီးလောင်နေတဲ့အချိန် မီးအားက လည်းပြင်းသလို လေတိုက်တာက လည်း ပြင်းတယ်။ မီးသတ်ကားတွေ က လောင်တဲ့နေရာအထိ အကုန် သွားလို့မရဘူး။ ဘေးကမြေကွက်လပ် တွေကလည်း ရွှံ့ဗွက်တွေများတော့ အနီးကပ်ငြှိမ်းသတ်ဖို့ အခက်အခဲ ဖြစ်နေတာတွေ့ရတယ်။၊ ဂိုဒေါင်ထဲ မှာ ကော်စေ့တွေရှိတယ်လို့ ပြောသံ တော့ကြားရတယ်။ အဓိကကတော့ မီးလောင်တဲ့ဂိုဒေါင်ကို မီးသတ်ကား တွေ တစ်ပြိုင်နက် မဝင်နိုင်တာလည်း ပါပါတယ်'' ဟု ¤င်း၏အမြင်ကို ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ကုန်ကြမ်းပစ္စည်းများနှင့် အကျယ် ပေ (၂ဝဝx၂၅ဝ) ရှိ အာရ်စီတစ်ထပ် ဂိုဒေါင်တစ်လုံး မီးလောင်ပျက်စီးခဲ့ သဖြင့် စုစုပေါင်းမီးလောင်ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၁၂၅ သိန်းခန့် ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်ရာတွင်ပါဝင် ခဲ့သည့် မင်္ဂလာဒုံမြို့နယ်မှ အရန် မီးသတ်တပ်စုမှူးတစ်ဦး အပူလောင် ဒဏ်ရာရရှိခဲ့၍ မြောက်ဥက္ကလာပ ဆေးရုံသို့ပိုဆောင်ခဲ့ရကြောင်း သိရ သည်။ ထိုသို့ မီးလောင်ခဲ့ရ သည့် အကြောင်းအရာနှင့်ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စက်တင်ဘာလဆန်းမှ ၂၄ ရက်အထိ ယခုမီးလောင်မှုအပါအဝင် မီးလောင် မှုမှာ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ အတွင်း၌လည်း မီးလောင်မှု ၁၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ။

သတင်း-ဇော်ကြီး(ပဏီတ)
ဓာတ်ပုံ-ကိုကျော်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment