သျှမ်းပြည်အလယ်ပိုင်းမှာ ကျွဲ ၊ နွားများ ဒေါင့်သန်းရောဂါဖြင့်သေဆုံးမှုများ


 စက်တင်ဘာ ၂၃ ရက် ၂၀၁၅

 သျှမ်းပြည်အလယ်ပိုင်း မြို့နယ် ၈ ခုအတွင်း ကျွဲ နွားများ ကောင်ရေပေါ င်းမြောက်များစွာ ဒေါင့်သန်းရောဂါ ကူးစက်ကာ သေဆုံးမှုများပြားလာနေ သည့်အတွက် ဒေသခံများ အထူးစိုးရိမ်နေကြောင်းကြားသိရပါသည်။

စက်တင်ဘာ လဆန်းပိုင်းမှ စ၍ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါ၊ မိုင်းရယ် နှင့် တန့်ယန်း မြို့နယ်များအတွင်း ကျွဲ ၊ နွားများ အကောင်ရေပေါင်းမြောက်များစွာ သေဆုံးနေကြောင်း၊ ကျေးရွာတခုပင် ဆယ်ကောင်ထက်မနည်းသေဆုံးနေကြောင်း၊ ရာဂဏန်းသေဆုံးဖွယ် ရှိကြောင်း တိရစ္ဆာန်ဆရာဝန်တဦးက ပြောသည်။

“ဒေသခံတွေက်တော့ ကာလရောဂေါပေါ့။ ဒေါင့်သန်းရောဂါပဲလိုတော့ ယူဆလို့ရတယ်။ ရောဂါတွေ ကတော့ အမျိုးမျိုးပဲ၊ ခွာနာ လျှာနာတယ်၊ လည်ချောင်းကွဲရောဂါ စသဖြင့်ပေါ့။ စစ်ဆေးဖို့ ပစ္စည်းပစ္စယ တွေမရှိတော့ ဘာကြောင့်သေလဲ ဆိုတာပြောရခက်တယ်။ အများအားဖြင့်တော့ နေပူလိုက် မိုးရွာလိုက် ရုတ်တရက် ကျွဲနွားတွေ ရေလာသောက်ရင် ရေငင်ပြီး တခါတည်းသေတာ” - ပြောသည်။

“ထွန်စက်တွေလဲမဝယ်နိုင်သေးဘူး။ ကျနော့်ကျွဲက ၃ ကောင်ရှိ တယ်။ သောကြာေ န့က သုံးကောင်လုံးသေသွားတယ်။ တရက်တည်းဘဲ။ အခု ဘာလုပ်ရမှန်းတောင်မသိတော့ဘူး” - ဟု သီပေါက လယ်သမား အိုက်လျန်း က ပြောသည်။

သျှမ်းပြည်အလယ်ပိုင်း ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါ၊ မိုင်းရယ် နှင့် တန့်ယန်း မြို့နယ်ဒေသခံများသည် လယ်၊ ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်၏။ လယ်ယာလုပ်ငန်းတွင်လည်း ကျွဲ၊ နွားများအား မှီခိုအသုံးပြု၏။

တရုတ်နိုင်ငံမှ ထွန်၊ ယာက် စက်ပစ္စည်းများ ဝင်လာသော်လည်း လူနည်းစု သာဖြစ်၏။ ယခု ကျွဲနွားများ သေဆုံးမှုသည် နောက်နှစ်လူထု ဝမ်းရေး အတွက်လုပ်ငန်းအခက်အခဲ ဖြစ်စေနိုင်မည်မလွဲဟု ကျေးသီး ရပ်မိရပ်ဖ လယ်သမား စိုင်းနု ကပြောသည်။

ယမန်နှစ်ကလည်း မိုးနဲ၊ ကျိုင်းတောင်း၊ မောက်မယ်၊ နမ့်စန်ဘက် ကျွဲနွားများဒေသဆုံးမှုများပြားသည်။ယခုနှစ်မှာ သေဆုံးမှုအနည်းအကျဉ်းသာရှိသည်ဟုလည်းသိရသည်။

ကျွဲ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ် သည့်ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူ များမှာ အရေပြားအနာများ ဖြစ်ကာ အသက်သေဆုံး သည်အထိ ဖြစ်ပွားနိုင်သည်။

ဓါတ်ပုံ- ပင်လုံမြို့နယ်အတွင်း လယ်ကွင်းတနေရာတွင် ဒေါင့်သန်းကြောင့်သေနေသော ကျွဲတကောင်အားတွေ့ရစဉ်

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment