ကျောက်ဖြူတွင် ခွေးရူးကိုက်ခံရ၍ နွားများသေဆုံးမှုရှိသလို နွားပိုင်ရှင်ကိုပါ ခွေးရူးကာကွယ်ဆေးထိုးပေးရ

 
( ကျောက်ဖြူမှ ခွေးရူးပြန်ရောဂါ ရနေသော နွားတစ်ကောင်/ ဓာတ်ပုံ- နိရဉ္စရာ)  ကျောက်ဖြူ၊ စက်တင်ဘာ ၂

 ကျောက်ဖြူမြို့နယ်၊ ကြံချိုင်ကျေးရွာတွင် နွားများ ခွေးရူးကိုက်ခံရ၍ သြဂုတ်လ (၃၁ရက်နေ့က နွားမ တစ်ကောင် သေဆုံး ခဲ့ပြီး နောက်ထပ်နွားနှစ်ကောင်လည်းခွေးရူး ပြန်ရောဂါဖြစ်ပေါ်နေရာ ပိုင်ရှင် ဖြစ်သူကိုပါ ခွေးရူး ကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု သတင်း ရရှိသည်။


“ ခွေးရူးကိုက်ခံရ၍ နွားရဲ့ ပါးစပ်ကို ပိုင်ရှင်ဖြစ်သူက လက်နဲ့ ထိုးထည့်တဲ့ အချိန်မှာ အနာစနဲ့ ထိမထိထားတော့ နွားပိုင်ရှင်ကိုပါ ခွေးရူး ရောဂါ ကူးစက်နိုင်တဲ့ အတွက် ကာကွယ်ဆေးထိုးပေးထားရပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၀န်ထမ်း တစ်ဦးဖြစ်သူ ကျောက်ဖြူသွေးလှူရှင် အသင်း၏ အတွင်းရေးမှူး ဦးညွန့်သိန်းက ပြောသည်။


မှ တဆင့် ခွေးရူးရောဂါ ကူးစက်နိုင်သည်ဟု ဦးညွှန့်သိန်းက ဆိုသည်။

 “ နွားနေမကောင်းဖြစ်နေတယ် ဆိုလို့ နွားပိုင်ရှင်က ဖုန်းဆက်ပြီးခေါ်တော့ လိုက်သွားတယ်။ အဲဒီကိုရောက်တော့ နွားကခွေးရူးပြန်ရောဂါပေါ်နေပြီ။ ပိုင်ရှင်ကို ဘာတွေလုပ်ထားသလဲမေးကြည့်တော့ အပူဝင်တယ်ထင်လို့ နွားကို လည်ချောင်း ထိုးပြီး အချွဲတွေစင်သွားအောင် လက်နဲ့ နှိပ်ထားတယ်လို့ြေ ပာတယ်။ နွားပိုင်ရှင်ရဲ့လက်ကိုကြည့်လိုက်တော့ လက်မှာ အနာစတွေနဲ့ တွေ့ရတယ်။ နွားပါးစပ်ကကျတဲ့အရည်နဲ့ လက်မှာ ရှိတဲ့ အနာစတွေနဲ့ ထိတွေ့မိရင် ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် နွားပိုင်ရှင်ကို ဆေးရုံကိုခေါ်လာပြီးတော့ စိတ်ချရအောင် ခွေးရူး ကာကွယ် ဆေးထိုးလိုက်ရတယ်” ဟု သူက ပြောသည်။
 ကျာက်ဖြူမြို့နယ် ကြံချိုင်ကျေးရွာတွင် လွန်ခဲ့သော သုံးလခန့်က နွားများအားခွေးရူးကိုက်ခဲ့သောကြောင့် သြဂုတ်လ ၃၁ရက်နေ့က ၆ နှစ်ခန့် နွားမကြီးတစ်ကောင် သေဆုံးခဲ့ပြီး နောက်ထပ် ၁နှစ်သား နွားထီးတစ်ကောင်နှင့်၎နှစ်သား နွားထီးတစ်ကောင် ခွေးရူးပြန်ရောဂါပေါ်နေကြောင်းသိရသည်။

 ခွေးရူးရောဂါကာကွယ်ဆေးထိုးခဲ့ရတဲ့ နွားပိုင်ရှင် ဦးချမ်းမောင်ဦး က “ နွားကို အပူရှိနေတယ်ထင်လို့ လည်ချောင်း ထိုးလိုက်တယ်။ ပြီးတော့ အချွဲတွေအမြှုပ်တွေကို လက်နဲ့နှိပ်ပြီး ဖယ်လိုက် တယ်။ ခွေးရူးပြန်ဖြစ်နေတယ်လို့လည်း မထင်ဘူး။ လက်မှာ အနာစရှိရင် ရောဂါကူးစက်တယ်လို့လည်းမသိတော့ လက်နဲ့နှိပ်မိလိုက်တယ်။ ဒါကြောင့် ဆေးရုံတက်ပြီးကာကွယ်ဆေးထိုးလိုက်ရတယ်” ဟုပြောသည်။

 ခွေးရူးကိုက်၍ ခွေးရူးပြန်နေသောနွားကို တစ်ခြားနွားတွေနဲ့အတူမထားဘဲ သီးသန့်ခွဲခြားခိုင်းထားကြောင်းနှင့်
 တစ်ခြားနွားတွေကိုလည်း စောင့်ကြည့်နေကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
  ဒေါက်တာကျော်နိုင်ဦး ကပြောသည်။
“ နွားတစ်ကောင်ခွေးရူးကိုက်ခံရလျှင် အကိုက်ခံရတဲ့ အနာ အပေါ်မူတည်ပြီး ရောဂါပေါ်ချိန်ကြာမြင့်တတ်တယ်။ ဦးနှောက်နဲ့ နီးတဲ့နေရာကိုအကိုက်ခံရလျှင် ရောဂါပေါ်ချိန်ပိုမြန်နိုင်တယ်။ အကိုက် ခံရတဲ့နေရာ အပေါ်မူတည်ပြီး ၃လ၊ ၄လမှ စသဖြင့် နှစ်ချီကြာမြင့် တတ်တယ်။ ခွေးရူးပြန်နေသောနွားရဲ့ ပါးစပ်မှထွက်သော အရည်အမြှုပ်တွေနဲ့ လူတွေရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ အနာစတွေနဲ့ ထိတွေ့ရင် ရောဂါကူးစက်နိုင်ပါတယ်။ အကိုက်ခံရတဲ့နွားမမှာ နို့စို့နွားကလေးရှိရင်လည်း အမိနို့က တစ်ဆင့် ရောဂါရနိုင်ပါတယ်” ဟု ဒေါက်တာကျော်နိုင်ဦးကပြောသည်။

ေေေေေ
 ကျောက်ဖြူမြို့တွင်လည်း သြဂုတ်လ၂၈ရက်နေ့က လူ ၁၁ဦး ခွေးရူး ကိုက်ခံရ၍ ခွေးရူး ကာကွယ်ဆေး ထိုးပေးခဲ့ရကြောင်း သိရသည်။

ေ ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment