ဘာလင် ၊ ၉-၉-၂၀၁၅
အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် တိုက်ခိုက်မှုများ အတွင်း အရေပြား လောင်ကျွမ်းစေသည့် ဓာတ်ငွေ့များ အသုံးပြုခဲ့သည် ဟူသော သက်သေ အထောက်အထား များကို ဂျာမနီနိုင်ငံ ထောက်လှမ်းရေး အဖွဲ့က ရရှိထားကြောင်း သိရသည်။
ဂျာမနီ ပြည်ပ ထောက်လှမ်းရေး အဖွဲ့ (BND) သည် ISIS စစ်သွေးကြွ များနှင့် တိုက်ခိုက်မှုအတွင်း ဒဏ်ရာ ရရှိသည့် ကာ့ဒ်တပ်ဖွဲ့ဝင် များ၏ သွေးနမူနာ များကို စုဆောင်း၍ စစ်ဆေးခဲ့ရာမှ ISIS စစ်သွေးကြွ များက ဓာတု လက်နက်များနှင့် တိုက်ခိုက်ခဲ့သည် ဟု အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဂျာမနီနိုင်ငံထုတ် Bild နေ့စဉ် သတင်းစာ ကြီးတစ်စောင် တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်ဆေး တွေ့ရှိချက်များ အရ ISIS စစ်သွေးကြွ အသုံးပြု တိုက်ခိုက်ခဲ့သော အဆိုပါ ဓာတုလက်နက် များသည် ဆက်ဒမ်ဟူစိန် လက်ထက်က ထုတ်လုပ်ခဲ့သော ဓာတုလက်နက် သိုလှောင်ရုံများ သို့မဟုတ် ၄င်းတို့ သိမ်းပိုက် ထားသည့် မိုဆူးလ်မြို့ရှိ တက္ကသိုလ်မှ ဖြစ်နိုင်ဖွယ် ရှိသည်ဟု ထောက်လှမ်းရေး အကြီးအကဲ ဂျရတ်ရွှင်းဒါး က ပြောကြား ထားကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com/2015/09/isis_68.html
0 comments:
Post a Comment