မကြာသေးခင်ကမှ ဖေစ့်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ အချစ်ရေးနဲ့ပတ်သက်ပြီး ဂယက်တွေထခဲ့တဲ့ Miss Universe Myanmar 2016 ပိုင်ရှင် ထက်ထက်ထွန်းဟာ အဲ့ဒီိကိစ္စနဲ့ ပတ်သက်လို့ ပြိုင်ပွဲအတွက်တော့ အထူးတလည် စိတ်အနှောင့်အယှက် မရှိခဲ့ဘူးလို့ပြောပြခဲ့ပါတယ်။ အဆိုပါကိစ္စကြောင့် မိတ်ဆွေအတုနဲ့အစစ် ကွဲပြားစွာ သိခဲ့ရသလို အဆိုးထဲက အကောင်းဖြစ်ခဲ့တယ်လို့ပြောပြလာတဲ့ သူမက ချစ်သူများနေ့ကိုလဲ ချစ်သူနဲ့ပျော်ရွှင်စွာဖြတ်သန်းဖြစ်ခဲ့သလို လက်ရှိမှာ Media 7 ကရိုက်ကူးတဲ့ CHARM ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့သိရတာကြောင့် သူမနဲ့တွေ့ဆုံခိုက် သိလိုသမျှကိုမေးမြန်းဖြစ်တဲ့အခါ
-အခုရိုက်နေတဲ့ဇာတ်လမ်းတွဲလေးအကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။
ဒီနေ့ရိုက်တဲ့ဇာတ်လမ်းတွဲလေးက CHARM ပေါ့။ အဓိကက ကိုဘန်နီဖြိုးရဲ့နာမည်ပေါ့။ ကိုဘန်နီနဲ့ကိုသိန်းလင်းစိုးတို့က ဟာသလေးတွေ လုပ်သွားတဲ့ သဘောပါပဲ။ အခုကတော့ အပိုင်း ၁ ကိုရိုက်တာပါ။ ကိုဘန်နီက ငါးမိနစ်ကြိုပြီး မြင်တတ်တဲ့သူတစ်ယောက်။ သူက သူ့အတွေးထဲမှာမြင်ထားတဲ့ဟာကိုမှ ကိုသိန်းလင်းစိုးက အမြဲတမ်းအထအနကောက်လိုက်လို့ရှိရင် အလွဲလေးတွေဖြစ်သွားတယ်။
-ညီမရဲ့ကာရိုက်တာလေးက ဘယ်လိုပုံစံမျိုးလေးလဲ။
ညီမကဆေးကျောင်းသူ ၊ ဒါပေမဲ့ ဆေးကျောင်းသူအစစ်ကြီးတော့ မဟုတ်ဘူး။ နန်းဆုဦးအိမ်မှာ ကိုဘန်နီနဲ့ကိုသိန်းလင်းစိုးတို့က အလွဲတွေလုပ်လို့နေမကောင်းဖြစ်တာကို ညီမက လာပြုစုပေးတဲ့ပုံစံမျိုးပါ။
-ဇာတ်လမ်းတွဲအနေနဲ့ရိုက်တာ ဒီဟာကပထမဆုံးလို့ပြောလို့ရလား။
ဇာတ်လမ်းတွဲကတော့ ဒါလေးက ပထမဆုံးပါ။ တခြားရိုက်ထားတာက ဗီဒီယိုအနေနဲ့ငါးကား၊ ကားကြီတစ်ကားရိုက်ဖူးပါတယ်။ မဟော်ဂနီနဲ့ပေါ့။
-ဒီဇာတ်လမ်းတွဲလေးမှာပါဝင်ဖြစ်ခဲ့တာကရော ဘယ်လိုကြောင့်များလဲ။
ဇာတ်လမ်းတွဲတစ်ခါမှ မရိုက်ဖူးသေးတဲ့အတွက် ရိုက်ကြည့်ချင်တာလဲပါတယ်။ အခုက ကိုရီးယားဇာတ်လမ်းတွဲတွေလိုမျိုးလေ။ အဓိက က ပရိသတ်တွေနဲ့အမြဲထိတွေ့မှု ရှိနေတယ်။ ပြီးတော့ Media 7 အနေနဲ့က ညီမတို့Miss Universe Organization နဲ့က Business Partner လို့လဲပြောလို့ရတယ်။ အဲ့ဒါကြောင့် ကိုရွှေမန်းတို့အနေနဲ့လဲ မင်းသမီးတွေ အများကြီးရှိတဲ့အထဲကမှ ညီမတို့Miss Universe Organization နဲ့က Business Partner ဆိုတော့ ညီမကိုယ်တိုင်ကလဲ အရင်က သရုပ်ဆောင်လုပ်ဖူးတဲ့အတွက် ကမ်းလှမ်းတာနဲ့ရိုက်ဖြစ်သွားတာပါ။
-အခုနောက်ပိုင်းပွဲတွေမှာ ထက်ထက်ထွန်းဆိုပြီး ပရိသတ်က ပိုသတိထားမိလာတယ်။ ညီမလေးရဲ့အနုပညာအစကရော ဘယ်ကများဖြစ်မလဲ။
စလုပ်ဖြစ်တာကတော့ ၂၀၁၀ နှစ်ကုန်လောက်ကပေါ့။ မော်လ်ဒယ်အေဂျင်စီက မဟုတ်ဘူး။ အပြင်က အလွတ်ပေါ့။ ပြိုင်ပွဲလေးတွေ ၀င်ပြိုင်ရင်းဆုတွေ ရလာတယ်။ အဲ့ဒီမှ မဟော်ဂနီကစရိုက်ပြီး စာချုပ်ချုပ်ရင်းစရိုက်ဖြစ်တာပါ။
-ပြိုင်ပွဲအရေအတွက်ရော ဘယ်နှစ်ပွဲလောက်ပြိုင်ခဲ့ဖူးလဲ။
၅ပွဲပေါ့။ စစချင်း Center ပွဲလေးတွေပြိုင်တယ်။ ပြီးတော့ Local ပွဲလေးတွေပြိုင်တယ်။ အဲ့ဒီကနေမှ Miss World ပြိုင်ပြီး အခု Miss Universe သာ မရခဲ့ဘူးဆိုရင် ထပ်ပြိုင်ဦးမှာပဲ။ အခုက Miss Universe မှာမှ First ရသွားပြီဆိုရင် ဒီနိုင်ငံမှာ အကြီးဆုံးဖြစ်သွားပြီလေ။ ထပ်ပြိုင်စရာလဲ မရှိတော့ဘူး။ ထပ်ပြိုင်ရင်လဲပြောဖို့ပဲ ရှိတော့တယ်။ နောက်ဆုံးနိုင်ငံခြားပွဲပြီးရင်ပြီးပြီး ဒိတ်တော့ မထွက်သေးဘူး။ ၂၀၁၆ နှစ်ကုန်ပိုင်းဖြစ်ဖို့များပါတယ်။
-အဲ့ဒီပွဲအတွက်ပြင်ဆင်မှုအနေနဲ့ရော ဘာတွေလုပ်နေလဲ။
အဓိက ဘော်ဒီနဲ့တခြားလိုအပ်တဲ့ အလှအပပိုင်းဆိုင်ရာတွေကိုလုပ်ဖြစ်နေတယ်။ စာအုပ်တွေ ဖတ်ဖြစ်နေတယ်။ နောက် Talent ပိုင်းကတော့ မှန်မှန်လေး လုပ်နေတာမျိုးရှိတယ်။ Talent က ၃မျိုးလောက်တော့ပြဖို့ရှိတယ်။
-အဲ့ဒီသုံးမျိုးကရော ဘာတွေများဖြစ်မလဲ။
အဓိက အကနဲ့ပတ်သက်တာ ပါမယ်။ ပြီးတော့ ညီမ DJ လဲဖွင့်တတ်တဲ့ အခါကျတော့ DJ ကိုလဲ Talent အနေနဲ့ ယူသွားဖြစ်မယ်။ ဒါပေမဲ့ ဟိုမှာအခွင့်အရေးရှိမှ ဖွင့်ပြမှာပါ။ အဲ့ဒါကလဲ အစကတည်းက တတ်ပြီးသားဆိုတော့လေ။ ဟိုကို DJ စက် သယ်သွားဖို့ကလဲ မဖြစ်နိုင်ဘူးဆိုတော့လေ။ သူတို့ဆီမှာ စက်ရှိမယ်ဆိုရင်တော့ ညီမလုပ်ပြခွင့်ရမယ်။ နောက်ပြီး ညီမကိုယ့်ကိုယ်ကို အကမှာTalent ရှိတယ်လို့ထင်တယ်။ မြန်မာအကရော၊ အင်တာနေရှင်နယ် အကရော နှစ်မျိုး လုပ်သွားဖို့စိတ်ကူးရှိပါတယ်။ အခုကတော့ စိတ်လှုပ်ရှားမှု သိပ်မရှိသေးဘူး။ ပြင်ဆင်မှုအတွက် တာဝန်ကြီးတယ်လို့ပဲခံစားရသေးတယ်။
-ပြီးခဲ့တဲ့ချစ်သူများနေ့ကိုရော ဘယ်လိုမျိုးဖြတ်သန်းဖြစ်ခဲ့လဲ။
ချစ်သူများနေ့ကတော့ အားလုံးသိကြတဲ့ ညီမချစ်သူနဲ့ လက်စွပ်ဆင်တူလေး ၀ယ်ဖြစ်တယ်။ ထူးထူးခြားခြား Surprise အနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း ညီမချစ်သူက Surprise လဲ မလုပ်တတ်ဘူး။ ရိုမန့်စ်လဲမသိဘူး။ လက်စွပ် လုပ်ပေးတဲ့အချိန်မှာ ညီမလေ မျက်ရည်ကျလောက်အောင်ပျော်တယ်။ ဒီလိုမျိုးလုပ်တတ်လိမ့်မယ်လို့လဲ မထင်ထားဘူး။ လက်စွပ်ဆင်တူနဲ့အင်္ကျီဆင်တူ ၀ယ်မယ်လို့ကိုမထင်ထားတာ။ အဲ့ဒါက သူ့အတွေးထဲမှာ လုံးဝမရှိတဲ့ အရာဒါမျိုးလုပ်မှ ချစ်တာမဟုတ်ဘူးတဲ့။ သင်ပေးရင်တောင် မလုပ်ဘူး။ အဲ့ဒီလိုလူက ငါတို့ လက်စွပ်သွားဝယ်ကြမယ်။ အင်္ကျီဆင်တူဝတ်ကြမယ်ဆိုပြီး သူ့ပါးစပ်ကပြောလာတယ်။ အရမ်းထူးဆန်းလို့ မျက်ရည်ကျရတယ်။ သူများအတွက်က Surprise မဟုတ်ပေမဲ့ ညီမအတွက်ကတော့ အရမ်းကို Surprise ဖြစ်ခဲ့ရပါတယ်။
-အရှေ့မှာလဲ ဖေ့စ်ဘွတ်ခ်မှာ ညီမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဂယက်တွေ ထသွားသေးတယ်နော်။ အဲဒါကြောင့် ပြိုင်ပွဲနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်တာမျိုး၊ အနုပညာလောကမှာ အခက်အခဲဖြစ်သွားတာမျိုးတွေရော ရှိမလား။
ပြိုင်ပွဲနဲ့ပတ်သက်ပြီး ပရိသတ်အင်အားနည်းသွားတာမျိုးတော့ ရှိမှာပေါ့နော်။ အရာအားလုံးကပြောကြတဲ့ပြသနာတွေထဲမှာ အမှန်တွေလဲပါသလို စရာကနေကားသွားတဲ့အရာတွေလဲ အများကြီးပါတယ်။ တစ်ယောက်စကား တစ်ယောက်ကြားပြီး မဟုတ်တာတွေကို ယုံသွားတဲ့ ပရိသတ်တွေလဲ အများကြီးရှိတာကိုး။ ပရိသတ်အင်အားတော့ နည်းကောင်းနည်းသွားလိမ့်မယ်။ အနည်းငယ် ဟုတ်ရင်တောင် အများကြီးကျရင်လဲ ကျသွားမယ်။ ဒါပေမဲ့အဓိက ညီမပြိုင်ပွဲသွားပြိုင်ဖို့နဲ့ အနုပညာလောကမှာ ဆက်လက်ရပ်တည်သွားဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာတော့ ဘာမှထိခိုက်ခြင်းမရှိပါဘူး။
-ဝေဖန်တဲ့ ပရိသတ်ရှိသလို ထက်ထက်ထွန်းမှန်တယ်ဆိုတဲ့ ပရိသတ်တွေလဲရှိနိုင်တာပဲဆိုတော့ သူတို့နဲ့ပတ်သက်ပြီး စိတ်ခံစားချက်ကရော ဘယ်လိုရှိလဲ။
ဒါကတော့ လူဆိုတာ ကိုယ့်ခံယူချက်နဲ့ကိုယ်ရှိကြတာကိုး။ လူဆိုတာ သူများစကားကို နားစွင့်ကြတာများတယ်။ ပြောတဲ့အတိုင်း ယုံသွားကြတဲ့သူတွေရှိသလို၊ သမီးဖက်ကနေ ယုံကြည်ပေးတဲ့သူတွေလဲရှိတယ်။ ဒီအချိန်မှာ ကိုယ့်ကိုတကယ်အားပေးတဲ့ ပရိသတ်နဲ့သူငယ်ချင်းထဲမှာလဲတော်တော်များများ အစစ်နဲ့အတုကွဲသွားပါတယ်။ အဲ့ဒီကိစ္စကြောင့်ကိုယ့်ကို အပေါ်ယံပေါင်းနေတဲ့သူနဲ့တကယ်စိတ်နှစ်ပြီးပေါင်းတဲ့သူလဲကွဲသွားပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အများကြီး သိလိုက်ရတာတွေရှိတယ်။ အဆိုးထဲကအကောင်းပေါ့။ တော်တော်များများက ညီမကောင်လေးနဲ့လဲပြသနာတက်မလားဆိုပြီး ထင်ကြတယ်။ ဒါပေမဲ့ ဒီကိစ္စကပြီးသွားပြီတော့ သူနဲ့ကိုယ်နဲ့ကလဲ အပေးအယူ မတည့်လို့ဖြစ်သွားတဲ့ပြသနာ၊ အဲ့ဒီအချိန်မှာ အပေးအယူကလဲ တည့်ပြီးနေပြီ။ တော်တော်ကြာမှပြသနာကပြန်တက်လာတာဖြစ်တဲ့ အတွက် သူနဲ့ကိုယ်နဲ့ကြားမှာရှင်းပြီးသားပြသနာဖြစ်တဲ့ တွက်ပြန်မဖြစ်ဘူး။ ကိုယ့်ဆီမှာ Relationship ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စိတ်ထိခိုက်မှုလဲမရှိဘူး။ ပြိုင်ပွဲမှာမပြိုင်ချင်တော့ဘူးလို့ငါဒီအတွက်စိတ်ညစ်တယ်တို့ပရိသတ် မရှိတော့ဘူးဆိုပြီး အားငယ်စိတ်လဲမရှိဘူး။ ဘာလို့လဲဆိုတော့ ညီမစလုပ်လာကတည်းက တစ်ယောက်တည်း လုပ်လာတာ။ ကိုယ်မှန်ရင်အနည်းဆုံး ကိုယ့်ဖက်မှာ ကိုယ့်မိဘရပ်နေတယ်ဆိုရင် ညီမကျေနပ်ပြီ။
0 comments:
Post a Comment