NLDပါတီကို တိုက်ခိုက်နေတာမဟုတ်လို့ ဦးဝီရသူ မိန့်ကြား

မန္တလေးမြို့၊ လူထုဟစ်တိုင်ကွင်းတွင် စက်တင်ဘာ ၃၀ရက်ကပြုလုပ်သည့် လူထုဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး မိန့်ခွန်းပြောနေစဉ်(ဓာတ်ပုံ - အောင်ကိုဦး/မဇ္ဈိမ) 

စက်တင်ဘာ(၃၀)။ ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ NLDပါတီနှင့် အမြင်သဘောထားအချို့ တူညီသည်ဟု မျိုးစောင့်ဥပေဒပြဌာန်းရေး ဦးဆောင်လှုပ်ရှားခဲ့သူ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်သည်။
“လွှတ်တော်ထဲကို ပြည်သူ့ကိုယ်စားလှယ်တွေ များများရောက်အောင်လုပ်ပါ ဒကာကြီး၊ ဦးဇင်းတို့က NLDကို ဝေဖန်ထောက်ပြတာသာ ဖြစ်တယ်၊ NLDကို တိုက်ခိုက်တာမဟုတ်ဘူး” ဟု စက်တင်ဘာ ၃၀တွင် မန္တလေးသို့ ရောက်ရှိနေသော NLDပါတီ၏ ဗဟိုအောင်နိုင်ရေး ဥက္ကဌ ဦးတင်ဦးနှင့် တွေ့ဆုံစဉ် ဦးဝီရသူက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကော်ပွဲ ဝင်ပြိုင်စရာမလိုဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက်ခန့်အပ်မှုဖြင့် လွှတ်တော်တွင်း တပ်မတော်သား ၂၅ရာခိုင်နှုန်း ရောက်ရှိနေခြင်းမှာလည်း သင့်တော်မှုမရှိဟု ဦးဝီရသူက မိန့်ကြားခဲ့သည်။
“တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်နေတာကိုလည်းပဲ ဦးဇင်းတို့အနေနဲ့ ဘုရားတရားတော်နဲ့ မညီဘူးလို့ ဟောကြာခဲ့တယ်။ တပ်မတော်သားကိုယ်စားလှယ်တွေ ဒီမှာအမြဲနေတာ မသင့်တော်ဘူးလို့ ဦးဇင်းတို့က ဝေဖန်ထောက်ပြခဲ့တယ်။ အဲ့တော့ တပ်မတော်သားကိုယ်စားလှယ်နဲ့ ပတ်သက်လို့ ဦးဇင်းတို့ အမြင်တူပါတယ်” ဟု ဦးဝီရသူက မိန့်သည်။
သို့သော် နိုင်ငံခြားသား ခင်ပွန်းနှင့် သားသမီးများရှိသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသော် အခြေခံဥပဒေပုဒ်မ ၅၉(စ)ကိုမူ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးအတွက်ကြောင့် ကာကွယ်ထားခြင်းဖြစ်သည်ဟု ဦးဝီရသူက မိန့်ကြားခဲ့သည်။
“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး ဒါတွေရေးဆွဲတယ်ဆိုပြီးဖြစ်တော့ ဦးဇင်းတို့က ၅၉(စ)ကို ကာကွယ်တယ်။ ဒီက ၅၉(စ)ကို ပြုပြင်မယ်ဆိုတော့ အဲ့ဒီမှာ ဦးဇင်းတို့ကပဲ အစိုးရလက်ကိုင်တုတ်လို့၊ ကြံ့ဖွတ်လော်ဘီတို့၊ စစ်အလေးမတို့ ဖြစ်ကုန်တာပေါ့” ဟု ဦးဝီရသူက မိန့်သည်။
ဦးဝီရသူ၏ ထိုသို့ မိန့်ကြားမှုအပေါ် NLDပါတီ၏ နာယကလည်းဖြစ်သူ ဦးတင်ဦးက တုံ့ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။
သံဃာတော်အချို့ဦးဆောင်သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)မှ ဦးဝီရသူသည် မျိုးစောင့်ဥပဒေဟု လူသိများသည့် ဥပဒေလေးခုကို လွှတ်တော်တွင်း ပြဌာန်းပေးရန် ဦးဆောင်ခဲ့သူဖြစ်ပြီး အဆိုပါဥပဒေများမှာလည်း လွှတ်တော်တွင်းပြဌာန်းပြီး ဖြစ်သည်။
မျိုးစောင့်ဥပဒေများ ပြဌာန်းနိုင်မှုအပေါ် နိုင်ငံအဝှမ်းတွင် အောင်ပွဲများ ပြုလုပ်ကာ မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် NLDပါတီကို မဲမပေးရန် အဆိုပါ အောင်ပွဲများတွင် ဦးဝီရသူ၏ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ဟောပြောလျက်ရှိနေသည်။
ယင်းအခြေအနေများအပေါ် NLD၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဝင်းထိန်က “အင်န်အယ်လ်ဒီပါတီက ဘာသာရေးဆိုင်ရာဥပဒေတွေကို မထောက်ခံလို့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်အချို့က သူတို့ကို ယုံကြည်သူတွေကို သြဇာလွှမ်းဖို့ကြိုးစားပြီး အင်န်အယ်လ်ဒီကိုမဲမပေးဖို့ လုပ်တဲ့ ဖြစ်စဉ်အချို့ ရှိပါတယ်။ သူတို့ရဲ့ ဟောပြောမှုတွေဟာ အခြေခံဥပဒေနဲ့ လုံးလုံးဆန့်ကျင်နေတယ်” ဟု စက်တင်ဘာ ၂၅ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲနှင့် ကျင့်ဝတ်ဆိုင်ရာညီလာခံတွင် ပြောဆိုထားသည်။
- See more at: http://mizzimaburmese.com/article/5424#sthash.X7H22p4Q.dpuf
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment