ကျောက်ဆည်မြို့နယ်တွင် လေပြင်တိုက်ခတ်မှုကြောင့် လူ(၆)ဦးနှင့် နွားများ သေဆုံးပြီး နေအိမ်များ ပျက်စီးဆုံးရှုံး


ကျောက်ဆည်၊ ဧပြီ- ၂၃

ကျောက်ဆည်မြို့နယ်အတွင်း ဧပြီလ (၂၂)ရက် ညနေ (၃)နာရီခန့်မှ စတင်၍ မိုးများသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးသီးများကျခြင်းတို့ကြောင့် ရေသရောက်ကျေးရွာတွင် တောင်ကျချောင်းရေဖြင့် လူ(၆)ဦးနှင့် နွားများမျှောပါက သေဆုံးခဲ့ပြီး နေအိမ်အချို့ပျက်စီးခြင်း၊ ရန်ကုန် - မန္တလေး လမ်းတစ်လျှောက်ရှိ သစ်ပင်များ ပြိုလှဲခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည် မြို့နယ်အတွင်း မိုးသည်ထန်စွာ ရွာသွန်းခြင်းကြောင့် ရေသရောက်ကျေးရွာတွင် နွားသိမ်းပြန် လာသော အသက် (၁၀)နှစ် ၀န်းကျင်ခန့် ကလေး (၂)ဦး၊ အသက် (၂၂)နှစ်ခန့်၊ (၂၅)နှစ်ခန့်၊ (၃၈)နှစ်ခန့်ရှိ လူလတ်ပိုင်း (၃)ဦး၊ အသက် (၇၀)ခန့်ရှိ လူကြီး (၁)ဦးနှင့် နွားများ တောင်ကျချောင်းရေနှင့်အတူ မျှောပါပြီး အမျိုးသား (၃)ဦး အမျိုးသမီး (၃)ဦး စုစုပေါင်း လူ(၆)ဦး သေဆုံးခဲ့ကာ နွားများ သေဆုံးမှုကို စာရင်းအတိအကျ မသိရသေးကြောင်း၊ မိုးသီးများ ကျခြင်းကြောင့် အဆိုပါကျေးရွာတွင် မူတန်းကျောင်းဆောင် (၂)ဆောင်၊ ဆရာမများ နေအိမ်နှင့် ကျေးရွာအတွင်းရှိ အဆောက်အဦး (၁၆၇)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

လေပြင်းတိုက်ခက်မှုနှင့် မိုးသီးကျခြင်းကြောင့် မြို့နယ်အတွင်းရှိ သင်္ဂတုံကျေးရွာတွင် လူနေအိမ် (၁၀၀)ကျော်၊ ရဲစုရပ်ကွက်တွင် အဆောက်အဦး (၅)လုံးပျက်စီးဆုံးရှုံးခဲ့ကာ ချောင်းဆုံကျေးရွာတွင် နွား(၃၅)ကောင် သေဆုံးခဲ့ပြီး ဟံမြင့်မိုရ်ကျေးရွာအနီး ရန်ကုန်- မန္တလေး ကားလမ်းဘေးရှိ သစ်ပင်များ ပြိုလဲခဲ့ကာ မြို့နယ်အတွင်း လေပြင်း တိုက်ခက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို တာဝန်ရှိသူများက ဆက်လက်စုံစမ်း လျှက်ရှိ ကြောင်း သိရှိသည်။

အပျက်အစီးများခဲ့သည့် ရေသရောက်ကျေးရွာသို့ (၂၂)ရက် ညဦးပိုင်းမှ စတင်ကာ တ.စ.ခ သုတေသန ဌာနချုပ်မှ ဗိုလ်မှူးကြီးဆန်းဝင်းထွန်း ဦးဆောင်ကာ စစ်သည်များမှ အပျက်အစီးများအား ကူညီဖယ်ရှားခြင်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သလို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်အဖွဲ့များမှလည်း (၂၃)ရက် နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်ခဲ့သည့် လေပြင်းတိုက်ခတ်မှုသည် လေတိုက်နှုန်း (၁)နာရီလျှင် (၄၇ မိုင်မှ ၅၀မိုင် )ထိရှိကြောင်း ကျောက်ဆည်မြို့ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

(မန္တလေးတိုင်း ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment