Adele ရဲ့ Hello သီချင်းကို ၂၄ နာရီအတွင်း ကြည့်ရှုသူ စံချိန်တင်များပြား



ဂီတလောက,ကနေ သုံးနှစ်လောက် ပျောက်နေတဲ့ Adele ဟာ Hello လို့ အမည်ရတဲ့ သီချင်းနဲ့ ပြန်လာခဲ့ပါတယ်။ သူမရဲ့ Hello music ဗီဒီယိုကိုတော့ အွန်လိုင်းကနေ ကြည့်ရှုမှုနှုန်းဟာ နာရီပိုင်းအတွင်းမှာပဲ  စံချိန်တင် များပြားသွားခဲ့ပါတယ်။ သူမရဲ့ သီချင်းဗီဒီယိုဟာ ခြောက်မိနစ်လောက် ကြာမြင့်ပြီး ဒါရိုက်တာ Xavier Dolan က ရိုက်ကူးပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီဗီဒီယိုဟာဆိုရင် Vevo ရဲ့ သမိုင်းမှာ ၂၄ နာရီအတွင်း ကြည့်ရှုမှု အများဆုံးအဖြစ် Taylor Swift ရဲ့ Bad Blood သီချင်းကို ကျော်ဖြတ်ပြီး  စံချိန်ဝင်သွားခဲ့ပါတယ်။ 


Adele ရဲ့ Hello ဟာ ၂၄ နာရီအတွင်းမှာ ကြည့်ရှုမှု အကြိမ်ရေ ၂၇ သန်းကျော်ရှိခဲ့ပြီး တနင်္လာနေ့မနက်အထိ အကြိမ်ရေ ၇၃ သန်းကျော်နေပြီလို့ သိရပါတယ်။ ကောင်းမွန်တဲ့ သတင်းကတော့ အသက် ၂၇ နှစ်အရွယ် Adele ရဲ့ ဒီသီချင်းဟာ ၂၀၁၅ ရဲ့ ရောင်းရအမြန်ဆုံး သီချင်း ဖြစ်သွားနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။  Charts ရဲ့ တရားဝင် ဖော်ပြချက်အရတော ဓာတ်ပြားအချပ်ရေ ၁၆၅၀၀၀ လောက်ရောင်းချလိုက်ရပြီး Download အကြိမ်ရေ ၁၅၆၀၀၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ 


ဒါကြောင့် Hello သီချင်းဟာ Ellie Goulding ရဲ့ Love Me Like You Do သီချင်းရောင်းရအား 173,000 ကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Hello သီချင်းရဲ့ အောင်မြင်မှုကတော့ ဂီတနယ်ပယ်မှာ ကြောက်ခမန်းလိလိ ဖြစ်နေခဲ့ပြီး ထွက်လာပြီး နာရီပိုင်းအကြာမှာပဲ Hello ကို re-mix ပြန်လုပ်ထားတဲ့  Lionel Richie ရဲ့ သီချင်းကိုလည်း လူကြိုက်များခဲ့ကြပါတယ်။



(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment