အီတလီမှာပျော်နေတဲ့ Bieber



Justin Bieber ဟာ MTV EMAs မှာ ဆုငါးဆုအထိ သိမ်းပိုက်ပြီးတဲ့နောက်မှာ လူသိများတဲ့ San Glicerio စားသောက်ဆိုင်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ အဲ့ဒီဆိုင်ကို သက်တော်စောင့်တွေနဲ့ လာရောက်ခဲ့တာပါ။ နာမည်ကျော် အီတလီခေါက်ဆွဲ ၊ ပင်လယ်အစားအစာတွေကို လာရောက်မြည်းစမ်းတဲ့ပုံပေါ်ပြီး သူ့ကို မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ ပါပရာဇီတွေကတော့ ဓာတ်ပုံရိုက်ဖို့ စောင့်ဆိုင်းနေကြတာပါ။ 


သူဟာ ဂျင်းဘောင်းဘီ ၊ အပြာရောင်တီရှပ် ၊ Flannael အင်္ကျီတို့နဲ့ လာရောက်ခဲ့ပြီး စတိုင်ကျကျဝတ်စားထားတာကို တွေ့ရပါတယ်။ 
သူရဲ့ What Do You Mean ? သီချင်းဟာ apple music ရဲ့ထိပ်တန်းနေရာမှာ ရောက်ရှိနေဆဲဖြစ်တယ်လိုလည်း သိရပါတယ်။ 


သူဟာ အီတလီမှာ ခေတ္တနေထိုင်အုံးမှာ ဖြစ်ပြီး အယ်လ်ဘမ်အသစ်အတွက် လှုပ်ရှားမှုတွေ ပြုလုပ်အုံးမယ်လို့လည်း သိရပါတယ်။ သူဟာ MTV ဆုပေးပွဲမှာ   What Do You Mean ? သီချင်းကို sexy ကျတဲ့ ကကွက်တွေနဲ့ ဖျော်ဖြေခဲ့ပြီး အဲ့ဒီနောက်ဆုပေးပွဲ အပြီးမှာတော့ Night ကလပ်မှာ သွားရောက် အပန်းဖြေခဲ့တယ်လို့လည်း သိရပါတယ်။ 
Justin Bieber အီတလီမှာလည်ပတ်လျက်ရှိပြီး ပျော်ရွှင်နေတယ်လို့လည်း သိရပါတယ်။ 

(Paing A K)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment