မိမိဖုန်း လုပ်ဆောင်ချက်တွေကို လုံးလုံးလျားလျား ထိခိုက်ပျက်စီးစေတဲ့ app တွေအနက် app ဘုရင်တစ်ဆူ ရှိပါတယ်။ အဲဒါ Snapchat ပဲ ဖြစ်ပါတယ်။
အွန်လိုင်းလုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ AVG Technologies ဟာ မီလျှံချီရှိသော Android သုံးစွဲသူတွေထံမှ အချက်အလက်ဒေတာတွေ စိစစ်လေ့လာပြီး Snapchat နဲ့ ကင်မရာ၊ GPS အသုံးပြုခြင်းဟာ ဖုန်းလုပ်ငန်းဆောင်ရွက်မှု တစ်ခုလုံး ဆုတ်ယုတ်ပျက်စီးစေတဲ့ နံပါတ်တစ်အချက် ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
အဆိုပါ app က Facebook ၊ Spotify တို့လို အရေးကြီးတဲ့ အရာတွေကို ထိခိုက်ဖျက်ဆီးပစ်ပါတယ်။ ဒီ့ပြင် Snapchat က သင့်ဘက္ထရီအားကို လျင်မြန်စွာ ကုန်ဆုံးစေတဲ့အကြောင်းလည်း အတိအလင်း ရှင်းပြထားပါသေးတယ်။ ဒါပေမယ့် ခုစိစစ်လေ့လာမှုမှာတော့ iOS သုံးစွဲသူတွေ မပါဝင်ဘူးလို့ သိရပါတယ်။
Ref: TOI
trend.com.mm
0 comments:
Post a Comment