အနုပညာရှင်တွေရဲ့ အချစ်ရေးကို ကြည့်လိုက်ရင် ဘယ်သူမှတောင် ချစ်သူရည်းစား ထားချင်မှာမဟုတ်တော့ပါဘူး။ ခုလည်း One Direction ရဲ့ အဖွဲ့ဝင် Liam Payne နဲ့ သူ့ကောင်မလေးဟာ ၂နှစ်ကြာအောင် တွဲလာခဲ့ပြီးမှ သူ့ကောင်မလေး Sophia Smith က သူတို့နှစ်ဦးလမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဒီသတင်းဟာ တိကျမှန်ကန်ကြောင်းကို People မှာ ဖော်ပြထားပြီးပါပြီ။
Liam ၂၂နှစ် နဲ့ Sophia ၂၁နှစ်တို့ဟာ ၂၀၁၃ခုနှစ်ကတည်းက စတွဲခဲ့ကြတာဖြစ်ပြီး အိမ်ထောင်ပြုဖို့အထိရည်ရွယ်ပြီး တွဲခဲ့ကြတာပါ။ Liam ကတော့ "ဆိုဖီယာကို သူလုပ်ချင်တာလေးတွေ လုပ်စေချင်တယ်။ အိမ်မှာပဲ တစ်ချိန်လုံးနေပြီး ဘာမှမလုပ်ရတဲ့ ဘ၀ကို မရောက်စေချင်ဘူး"လို့ ပြောပါတယ်။
ဒီအခြေအနေကို ကြည့်ရတာ One Direction က အဖွဲ့ဝင်တွေရဲ့ အချစ်ရေးကို တစ်စိုက်မတ်မတ် အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက်လည်း ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ပုံမရတော့ပါဘူး။ အဖွဲ့ဝင်ဟောင်း Zayn Malik နဲ့ Perrie Edwards တို့လည်း ဒီနှစ်အစောပိုင်းမှာ လမ်းခွဲခဲ့ကြပါသေးတယ်။
Ref:cosmopolitan
trend.com.mm
0 comments:
Post a Comment