ဆိုးဆိုးရွားရွား လေလည်တဲ့အနံ့ကြောင့် လင်မယားနှစ်ဦးစလုံး အလုပ်မှ ထုတ်ပယ်ခံရ



ဝန်ထမ်းအလုပ်သမားတွေ အလုပ်ထုတ်ခံရတဲ့ အကြောင်းအရာတွေနဲ့ပတ် သက်ပြီး ထူးခြားတဲ့အကြောင်းပြချက်တွေကြောင့် အလုပ်ပြုတ်သွားတယ်ဆို တဲ့ သတင်းတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်နဲ့ နိုင်ငံခြားသတင်းဆိုရှယ်မီဒီ ယာတွေမှာ မကြာခဏ ဖတ်ရဖူးပါတယ်။အခု အလုပ်ဖြုတ်ခံရတဲ့ အမျိုးသား တစ်ဦးရဲ့အကြောင်းကလည်း ငိုအားထက် ရီအားသန် ထူးခြားတဲ့အကြောင်း ပြချက်နဲ့ပါ။

အသားငါး ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းမှာ ဇနီးသည်နဲ့ အတူတကွလုပ်ကိုင် နေတဲ့ ရစ်ခ်ျကလမ်ဆိုသူက အလုပ်ထဲ ခဏခဏလေလည်ရင်းနဲ့မှ ထွက် လာတဲ့ ဆိုးရွားတဲ့အနံ့အ သက်ကြောင့် အလုပ်ထဲလာရောက်ကြတဲ့ဝယ် ယူသူ ဖောက်သည်တွေ ထံကနေ တိုင်ကြားစာတွေရောက်လာလို့ အလုပ် ကဖြုတ်ခံလိုက်ရတယ် ဖြစ်ကြောင်း ဇနီးသည်ကဆိုထားပါတယ်။

ဒီလိုမျိုးဆိုးရွားတဲ့ လေလည်တဲ့အနံ့အသက်ကြောင့် ရုံးတစ်ရုံးလုံးမှာ အနံ့ အသက်တွေမွှန်ထူသွားခဲ့တယ်ဆိုတဲ့ အကြောင်းကို အလုပ်ပိုင်ရှင်က သိရှိ သွားခဲ့ပြီး လုပ်ငန်းအတွင်း မသင့်တော်တဲ့အပြုအမူနဲ့ တပါးသူများအားစိတ် အနှောင့်အယှက်တွေဖြစ်စေတယ်လို့ဆိုကာ ခင်ပွန်းဖြစ်သူ ရစ်ခ်ျကလမ်ကို ရော၊ ဇနီးသည် လူအမ်ကိုပါ နှစ်ဦးစလုံးကို အလုပ်မှထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

Phothutaw
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment